ချန်းခင် (၈)

346 40 3
                                    

ကိုယ့်ခြံထဲမှာအလုပ်လုပ်နေတဲ့လူတစ်ယောက် ထိခိုက်ဒဏ်ရာရသွားတာဆိုတော့ ကုသစောင့်ရှောက်ပေးရမယ်မဟုတ်လား။ အဲဒါကြောင့်
နောက်တစ်နေ့ကျောင်းသွားမယ့်အစီအစဉ်ကိုဖျက်ပြီး လူနာလိုအပ်တာအကုန်လိုက်လုပ်ဖို့ပြင်ရတယ်။
ကျွန်တော်မလိုက်နိုင်သေးဘူးဆိုပေမယ့်၊ ဒီပကို
တော့ပို့မှဖြစ်မယ်၊ ပထမနှစ်ကျောင်းသားဆိုတော့
စောရောက်ထားရင် ပိုအဆင်ပြေတာပေါ့။

ကံကောင်းတာက ကျွန်တော်တို့ထင်သလောက် ဒဏ်ရာကမပြင်းထန်။ သာမန်အရိုးအဆစ်လွဲသွားတာပဲဖြစ်ပြီးအကိုက်အခဲပြေဆေး နဲ့ တစ်ပတ်ကျော်နှစ်ပတ်လောက် အနားယူလိုက်ရင်ဖြစ်တယ်လို့ ဆရာတွေပြောပါတယ်။ လူနာကဒဏ်ရာမပြင်းဘူးဆိုပေမယ့် အတူစောင့်ပေးမယ့်အဖော်မရှိတာကြောင့် ကျွန်တော်ကတော့ ဆေးရုံမှာလိုက်စောင့်ပေးရတာပေါ့။အဲဒါနဲ့ ဒီပကို လိုက်ပို့ပေးဖို့အတွက် ဝဏ္ဏကိုအကူအညီတောင်းလိုက်ရတယ်။

လူကဆေးရုံမှာဆိုပေမယ့် ကျွန်တော့်စိတ်ကတော့
ဒီပဆီကိုသာရောက်နေတယ်။ သူအဆင်ပြေပါ့မလားဆိုပြီးတော့လည်း ခဏခဏတွေးပူနေတယ်။ လိုက်ပို့ပေးတဲ့သူက ကျွန်တော့်သူငယ်ချင်းအရင်းကြီးဖြစ်တဲ့အတွက် ကျန်တဲ့ကိစ္စပူစရာမလို၊ ဒါကိုတော့ကျွန်တော်သိပါတယ်။ ကျွန်တော်ပူရတာသူ့ရဲ့စိတ်အခြေအနေကိုပါ။ ဝဏ္ဏကြောင့် သူခံစားခဲ့ရတာတွေဟာ ကြာမှမကြာသေးဘဲကိုး။ ခံစားချက်အသစ်ပြန်ဖြစ်ပြီး နောက်ထပ်တစ်ကြိမ်နာကျင်ရမှာကို ကျွန်တော်စိတ်ပူတယ်။ မတော်တဆပဲဖြစ်ဖြစ်လေ။
အဲဒါကြောင့် အချိန်ရပြီဆိုတာနဲ့ ဒီပကို အကျိုး
အကြောင်း လှမ်းမေးဖြစ်ပါတယ်။

ပထမတစ်ခေါက်၊ ဒုတိယတစ်ခေါက်ဖုန်းမကိုင်ပေမယ့် သုံးကြိမ်မြောက်မှာတော့ ကျွန်တော်မျှော်လင့်နေတဲ့ အသံကိုကြားရတယ်။

"ဆောရီး အကို အဘွားနဲ့ပြောနေလို့ ခဏက"

"အေးပါ ရတယ်၊ အဆင်ပြေလား ဘယ်အထပ်ကအခန်းရလဲ"

အဆောင်နေသူငယ်ချင်းတွေပြောပြထားသလောက်
မြေညီထပ်ဆိုရင် ခြင်ပေါတာအပြင်၊ လူသံသူသံအပြင်ကအသံတွေနဲ့ ဆူတယ်တဲ့။ ကျွန်တော်က ကိစ္စ
မရှိပေမယ့် သူ့ကိုတော့မြေညီထပ်မှာ မထားချင်ပါ။

သူစိမ်း....သို့သော် [သူစိမ်း -၂] [U+Z] (completed)Where stories live. Discover now