flashback to
(လွန်ခဲ့သောသုံးပတ်)Grindr လို့ခေါ်တဲ့ဒီ Dating App ဟာစိတ်ဝင်စားဖို့သိပ်မကောင်းတော့ပါဘူး။စစဦးဆုံး sign up လုပ်ခဲ့တုန်းကတော့ရင်ခုန်ချင်စရာကောင်းသားပဲ။ဒါပေမယ့်အချိန်ကြာလာတာနဲ့အမျှစိတ်ဖိစီးစရာဖြစ်လာတယ်။ပထမဦးဆုံးပြောကြတဲ့ conversation မှာအိပ်ယာပေါ်ကကဏ္ဍ(Sex Role)ကိုတည့်တည့်ကြီးမေးတဲ့သူကမေး, မသိကျွမ်းကြခင်အချိန်မှာဓာတ်ပုံတန်းတောင်းသူကတောင်း, ဘယ်မှာနေလဲမေးပြီးချက်ချင်းလိင်ကိစ္စအတွက်ပြောသူကပြော,ဒီကြားထဲလူစိမ်းဖြစ်ပါရက်"ကို","ညီ"ဆိုပြီးပိုင်စိုးပိုင်နင်းခေါ်သူကခေါ်နဲ့, အားကြီးစိတ်ပျက်ချင်စရာကောင်းလာတယ်။မိမွေးတိုင်းဖမွေးတိုင်းဓာတ်ပုံတွေလာလာပြပြီးပြောချင်မှန်းမသိမပြောချင်းမှန်းမသိ,လိင်ဆက်ဆံတဲ့အကြောင်းတွေကို dirty talk ပြောတာလည်းရှိသေးတယ်။ဒီ App လေးပေါ်ရောက်ခါစအချိန်တုန်းကလို ရင်ဖိုလှိုက်မောစရာအကွက်တစ်ကွက်မှမကျန်တော့တာပါ။
ကျွန်တော်လည်းကျွန်တော်ပါ၊လိင်တူစုံမက်တဲ့သူစိမ်းယောက်ျားနှစ်ယောက်ရဲ့လိင်ရေးကိစ္စဆွေး
နွေးကြဖို့အတွက်ရည်ရွယ်ပြီးထုတ်ပေးထားတဲ့ platform ပေါ်ကိုဘာများမျှော်လင့်ပြီးရောက်လာသလဲမသိ။စကားပြင်ပြောရမယ်တူတယ်။ကျွန်
တော်မျှော်လင့်တဲ့အရာကိုကျွန်တော်သိပါတယ်၊ဝန်မခံချင်တာဖြစ်လိမ့်မယ်။လိင်ဆက်ဆံရေးကိုအစပြုဖို့ပစ်မှာထားတဲ့နေရာမှာချစ်သူရည်းစားတွေ့မလားဆိုပြီးမျှော်လင့်နေတဲ့ကိစ္စက ရှက်စရာကောင်းတယ်မဟုတ်လား။တစ်ခါတစ်ခါကြည့်ဖူးမြင်ဖူးထားတဲ့ထိုင်းလိင်တူအချစ်ဇာတ်လမ်းတွဲတွေထဲကလို အနာဂတ်ချစ်သူလောင်းလေးနဲ့တက္ကသိုလ်မှာဝင်တိုက်မိတာတို့,မျက်နှာကြောမတည့်တဲ့အခန်းဖော်နဲ့ငြိတာမျိုးတို့,အိပ်မက်ထဲကချစ်သူအပြင်ကမ္ဘာကိုရောက်တာမျိုးတို့, ဒီလိုမျိုးတွေဖြစ်ရင်လားကောင်းသား။ ဒါပေမယ့်လက်တွေ့ကမ္ဘာကလူတွေဟာကိုယ့်သောက်အာရုံနဲ့ကိုယ်ဖြစ်နေတာအပြင် ကျွန်တော်ကလည်း
စောစောကပြောတဲ့ဇာတ်လမ်းတွဲမင်းသားတွေ
လောက်ဖြူဥနုဖက်တာမျိုးမရှိဘူးလေ။
YOU ARE READING
သူစိမ်း....သို့သော် [သူစိမ်း -၂] [U+Z] (completed)