ဒီပ (၂)

345 35 11
                                    

"ဘယ်လိုလဲ ခရီးပန်းနေသေးလား ဒီပ"

ကျွန်တော်တို့ရှိရာ ရာမည,စာသင်ဆောင်ကို ရောက်ရောက်ချင်းကြားရတဲ့ ကိုချန်းဆီကစကား။

"ဟုတ် အကို"

နောက်တစ်ရက်နှစ်ရက်နေမှကျောင်းရောက်လာမယ်လို့  ထင်ခဲ့တဲ့လူက စောပြီးရောက်လာတဲ့အတွက် ကျွန်တော်စိတ်သက်သာရာရသွားတယ်။
မဟုတ်ရင် ကိုယ့်စိတ်ကိုကိုယ်ထိန်းချုပ်ရလွန်းလို့ကျွန်တော်ရူးမှာပဲ။ သူကကျွန်တော်လိုအပ်တဲ့အရာတွေအကုန်လုံးကိုလိုက်လုပ်ပေးလေ၊ ကျွန်တော့်စိတ်ကို ထိန်းကွပ်ရပိုခက်လေဖြစ်နေခဲ့တာ။ သူ့သူငယ်ချင်းနဲ့သက်ဆိုင်နေတဲ့သူဖြစ်လို့သာ ကျွန်တော့်ကိုဂရုစိုက်ပေးမှန်း သိပေမယ့် တစ်ခြားအကြောင်းကြောင့်လို့ ကျွန်တော်ထင်ချင်နေတာ။

ရေချိုးဖို့အတွက် ရေပုံး၊ရေးခွက်တွေပါမလာလို့ဆိုပြီး မနက်တုန်းကလည်း မနက်စာစားဖို့သွားကြရင်း သတိတရလိုက်ဝယ်ပေးသေးတယ်။ သူ့ဘက်ကဒီလိုလုပ်လာရင် ကျွန်တော်သာယာချင်လာရော။ သူငယ်ချင်းရဲ့ညီလေးဖြစ်နေလို့ ဝတ်ကျေတန်းကျေကူညီတာမျိုးကို ကျွန်တော့်ဘက်ကထင်ရာအဓိပ္ပါယ်
ကောက်ချင်နေတာ မခက်ဘူးလား။ကျွန်တော်က အမှတ်ရှိတဲ့ကောင် မဟုတ်ဘူးလေ။ ကိုယ့်ကိုဘယ်
တော့မှချစ်သူရည်းစားလိုချစ်ပေးလို့မရနိုင်ဘူးလို့ အတိအတင်းကြေညာထားတဲ့သူဆီက မျှော်လင့်ချင်နေတုန်းပဲ။

"ဟိုမှာအကုန်လုံး အဆင်ပြေခဲ့ရဲ့လား အကို"

"အေး လူနာကငါတို့ထင်သလို ဒဏ်ရာမပြင်းဘူးလေ
နားလိုက်ရင် ရပြီတဲ့၊ အဖ(အဖေ)ဆေးရုံလိုက်လာပြီး ကျောင်းသွားတော့လို့နှင်နေလို့ ချက်ချင်းလာလိုက်တာ"

ကိုချန်းရောက်လာတဲ့အတွက် ကျွန်တော်စိတ်သက်သာရာရတယ်။ မရောက်သင့်တဲ့နေရာကို
အမြဲလိုလို ရောက်ချင်နေတဲ့ ကျွန်တော့်စိတ်ကို
အာရုံလွှဲဖို့လွယ်သွားတာပေါ့။

"မင်းကိုအားနာလို့ ငါလာမှကျောင်းအပ်ပေးတော့မယ်လို့စဉ်းစားထားတာ မင်းအပ်ပေးလိုက်ပြီပေါ့"

"အေး ရပါတယ်ကွာ"

ကိုချန်းကသူ့ဘက်ကိုစကားလှည့်ပြောတော့လည်းကိုယ့်ကိုယ်ကို သတိထားပေးနေတဲ့ကြားက သူ့ကိုလှမ်းကြည့်လိုက်သေးတာ။ကျွန်တော့်စိတ်ထင်
ကိုဝဏ္ဏမျက်နှာမနက်တုန်းကလောက် မလန်းဆန်းတော့သလိုပဲ။

သူစိမ်း....သို့သော် [သူစိမ်း -၂] [U+Z] (completed)Tempat cerita menjadi hidup. Temukan sekarang