ဝဏ္ဏ (၁၀)

292 38 34
                                    

A/N: 🚨 Adult Content Warning ပါနော်။ adult content လို့ပြောရတာက sex အခန်းကြောင့်မဟုတ်ပါဘူး။ ဒီအခန်းမှာ hard sex အခန်းမရေးထားပါဘူး။ နည်းနည်းကြမ်းတဲ့ စကားအပြောအဆိုကြောင့် warn လိုက်တာပါ။ adult language ပါ။

=====================================

တနင်္ဂနွေ

sleeping beauty....,

ကျွန်တော်တို့ငယ်ငယ်တုန်းကကြည့်ဖူးတဲ့ဒစ်စနေကာတွန်းကားလေ၊ ဖခမည်းတော်နဲ့ရှိခဲ့တဲ့ရန်ငြိုးကြောင့်စုန်းမတစ်ယောက်ရဲ့အပ်ကျိမ်စာဆူးပြီးအိပ်မောကျသွားတဲ့မင်းသမီးတစ်းပါးအကြောင်းပေါ့။ အခုကျွန်တော့်မျက်စိရှေ့မှာမလှုပ်မယှက်အိပ်ပျော်နေတဲ့ကောင်လေးက အဲဒီရုပ်ရှင်ထဲက
Princessထက်ကို ပိုပြီးနုဖက်နေမယ်ထင်တယ်။ sleeping beauty အစစ်ဆိုပါတော့။

ညကဝဏ္ဏ့ဒဏ်ကိုခံစားခဲ့ရတာကြောင့်ကောင်လေးမနိုးသေးဘူး။ကျွန်တော်ကပဲသူ့ထက်အရင်နိုးနေခဲ့တာ။အချိန်ကတော့သိပ်မနှောင်းတော့ပါဘူး။မနက်၁၀ခွဲခါနီးနေပြီ။အိမ်အပေါ်ထပ်မှာမျက်နှာကျက်မတပ်ရသေးတော့ ခေါင်မိုးကနေတစ်ဆင့်ဖြတ်လာတဲ့အပူအချိန်တွေကိုသိသိသာသာခံစားနေရပြီ။ သူဆက်အိပ်နေရင်ပူအိုက်နေတော့မှာ။အဲဒါနဲ့ မနှိုးချင်တဲ့ကြားကနှိုးရတော့မယ်။

နေဦး

သူ့လက်မောင်းသွယ်သွယ်လေးကိုလှုပ်နိုးမယ်ပြင်ပြီးမှကျွန်တော်အတွေးတစ်ခုရလာတယ်။ပြီးတော့အတွေးကိုချက်ချင်းအကောင်အထည်ဖော်ဖို့ အောက်ထပ်ကိုအသာအယာဆင်းခဲ့လိုက်တယ်။မီးဖိုချောင်ထဲရောက်တော့ရေခဲသေတ္တာထဲကိုဖွင့်ကြည့်တယ်။အိမ်မှာကအစားအစာတွေအရံသင့်မရှိတတ်တဲ့အခေါက်တွေခပ်များများဆိုတော့ အခုလည်းအသင့်စားလို့ရတဲ့အစာသိပ်မရှိပါဘူး။ထပ်ပြီးမွှေနှောက်ကြည့်တော့လည်း မတွေ့။

အသင့်ဖျော်လို့ရတဲ့ကော်ဖီမစ်အထုပ်လေးတွေရှိပေမယ့်ကော်ဖီအပြင်ဘာရှိဦးမလဲဆိုပြီး ရှာဖွေစမ်းသပ်ကြည့်တော့ စက္ကူဗူးသေးသေးလေးတွေနဲ့လာတဲ့ထိုင်းနွားနို့ဗူးတစ်ကတ်မျက်စိရှေ့ပေါ်လာတယ်။300 ml ဗူးပိစိလေးတွေဖြစ်နေပေမယ့် သုံးလေးဗူးပေါင်းလိုက်ရင်ဖန်ခွက်တစ်ခွက်စာရသားပဲ။ ကြောင်အိမ်ကိုဖွင့်၊ဖန်ခွက်အကြည်တစ်လုံးထုတ်ပြီး နို့ဗူးလေးဗူးဖောက်ထည့်လိုက်တော့ အိုကေသွားတယ်။

သူစိမ်း....သို့သော် [သူစိမ်း -၂] [U+Z] (completed)Donde viven las historias. Descúbrelo ahora