ဝဏ္ဏ (၅)

356 35 21
                                    

ညနေလေးနာရီထိုးခါနီးဆဲဆဲကျွန်တော်နိုးလာတယ်။သူကတော့ အိပ်တုန်း။ အဲဒါနဲ့သူ့ကုတင်ဘက်ကိုသွားပြီးသူ့ကိုညင်ညင်သာသာ လှုပ်နိုးဖြစ်တယ်။

"ဒီပ... ထတော့..."

အအိပ်ဆက်တဲ့သူဆိုတော့ ကျွန်တော်သိပ်မခေါ်လိုက်ရပါဘူး။

"ထတော့...ညနေစောင်းအိပ်ရင် နေမကောင်းဖြစ်တတ်တယ်"

ဘယ်လောက်ပဲခရီးပန်းထားတယ်ဆိုဦးတော့ တစ်ညနေလုံးဆက်အိပ်နေရင် နုံးချိပြီး လူပိုပန်းမှာ။ အဲဒါကြောင့် သူ့ကိုနိုးခဲ့ရတာ။

"ရေလဲဝတ်နဲ့ သဘတ်ထုတ်လိုက် ‎ရေသွားချိုးမယ်"

ရေချိုးမယ်ဆိုမှ သူ့မှာရေပုံး၊ရေခွက်လည်းပါမလာတာကို သတိရသွားတယ်။ ကြည့်ရတာချန်းကိုယုံပြီး ဘာမှမထည့်လာတာထင်တယ်။ ကျွန်တော်လည်း မလာခင်တုန်းလိုအပ်တဲ့ပစ္စည်းစုံသည်၊မစုံသည် မစစ်ပေးမိလိုက်ဘူး။ မနက်ဖြန်ကျမှ သွားဝယ်ပေးရမှာပဲ။

ဒီညနေအတွက်ကိုတော့ ဘေးအခန်းက ရှိနှင့်ပြီးသားကျောင်းသားတစ်ယောက်ဆီမှာ တစ်ချက်ငှားလိုက်ရတာပေါ့။

"ပင်ပန်းနေတယ်မဟုတ်လား...မင်းဆက်အိပ်နေရင်
ဒီ့ထက်ပိုဆိုးမှာ.....လာခဲ့ ဒီနားကို"

ရေခပ်မချိုးသေးဘဲ ငိုင်နေတဲ့သူ့ကိုကျွန်တော့်အနားခေါ်လိုက်တယ်။ အဆောင်တစ်ထပ်ဆီမှာ ရေချိုးခန်း၆ခန်းတွဲစီ ရှိတာကို ကျွန်တော်သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် ကျောင်းဖွင့်စ,ကာလဖြစ်တာကြောင့် သူတို့အဆောင်မှူးက သော့မဖွင့်ပေးရသေးဘူး။ အဲဒါနဲ့ အဆောင်ဝင်းထဲမှာရှိတဲ့ မြေညီထပ်က ရေချိုးကန်မှာ လာဆင်းချိုးရတာ။

သူကျွန်တော့်နားရောက်လာတော့ ရေတစ်ခွက်ခပ်ပြီး သူ့ပုခုံးအနောက်ဘက်နေ လောင်းပေးလိုက်တယ်။ shower cream ပါလိမ်းပေးမယ်လုပ်တော့ ကျွန်တော်ဆီကဆပ်ပြာရည်ဗူးကိုလုယူပြီး သူ့ဘာသူချိုးနေလေရဲ့။

"အား..."

ကျွန်တော့်ဘက်ကို ၄၅ဒီကရီစောင်းကာ ကျောပေးထားတဲ့သူ့ခေါင်းပေါ် ရေတစ်ခွက်လောင်းချလိုက်တော့  ကျွန်တော့်ကိုလှည့်ကြည့်ပြီး မျက်စောင်းထိုးတယ်။

သူစိမ်း....သို့သော် [သူစိမ်း -၂] [U+Z] (completed)Where stories live. Discover now