ဝဏ္ဏ (၄)

358 39 16
                                    


"စုမွန်ရေ ဒီပရှိလား"

လုပ်ချင်ရာကောက်လုပ်နေရာက ဟိုဘက်ခြံကိုမျက်နှာမူထားတဲ့ပြတင်းပေါက်ကနေတစ်ဆင့် လှမ်းအော်ခေါ်မိသွားတယ်။ ကျွန်တော့် အသံနည်းနည်းတော့ဟိန်းသွားမယ်ထင်တယ်။

"မရှိဘူး"

ငယ်ငယ်တုန်းက လိုချင်တဲ့ mp3 player ရဖို့မုန့်ဖိုးစုရင်း ဝယ်လို့လည်းရတဲ့အခါကျတော့ ပစ္စည်းပြတ်ပြီကြားရသလို။ အဲဒီခံစားချက်ကို လူတိုင်းနီးပါး တစ်ကြိမ်လောက်တော့ ခံစားဖူးမယ်ထင်တယ်။ အခုကျွန်တော့်အဖြစ်က အဲဒီအတိုင်းပဲ။

"သူချန်းဆီသွားတာလား"

"မဟုတ်ဘူး သူငယ်ချင်းတစ်ယောက်ခေါ်သွားတာပဲ
သူတို့ဆရာမအိမ် သွားမလို့တဲ့"

ဘယ်ကိုပဲသွားသွား, ဒီအချိန်ပြန်ရောက်သင့်ပြီမဟုတ်လား။ လာခေါ်သွားတယ်ဆိုတဲ့ကောင်ကရော ဘယ်သူလဲ။

ကျွန်တော်တွေ့ချင်နေတဲ့ သူ, အိမ်ပြန်ရောက်လာတဲ့အချိန်မှာညဆယ့်တစ်နာရီကျော်နှင့်ပြီ။

"မနက်ဖြန်ကျနော့်ကိုလိုက်ပို့ပေးမလို့ဆို အကိုပြောပြတယ်"

သူချန်းကိုရည်ရွယ်လိုက်တဲ့ "အကို"ဆိုတဲ့အသုံးအနှုန်းဟာ ကျွန်တော့်ကိုလှောင်နေသလိုပဲ။

"ကိုဝဏ္ဏ အားမှအားရဲ့လား ကျနော်ဒုက္ခပေး..."

အဲဒီခဏမှာသူဟာကျွန်တော့်သူငယ်ချင်းနဲ့ပက်သက်နေတဲ့ကောင်လေးဆိုတဲ့အကြောင်း၊ ကျွန်တော့်မှာတရားဝင်ချစ်သူရှိတယ်ဆိုတဲ့အကြောင်း၊ အဲဒီအကြောင်းအရာတွေအားလုံးကို မစဉ်းစားမိတော့ဘူး။ဆင်ခြင်ဉာဏ်ကို မေ့ပြစ်လိုက်တယ်။ ဖြစ်သင့်၊မဖြစ်သင့်ဆိုတာတွေကို ကျွန်တော်တွေးမပူတော့ဘူး။

အကြိမ်ရေအနည်းငယ်နမ်းရှိုက်ခဲ့ဖူးတဲ့ သူ့နှုတ်ခမ်းလေးကိုသာ ရေငတ်နေတဲ့ကန္တာရခရီးသည်လို အငမ်းမရစုပ်နမ်းခဲ့ပါတယ်။ အသက်ရှုဖို့ကိုမေ့လောက်တဲ့အထိ သူ့ကိုကျွန်တော် အကြင်နာပေးမိပါတယ်။

သူ့သက်ဆိုင်သူကိုမွှေးနေတဲ့ကျွန်တော့်ကိုမြင်ရင်
ချန်းဆွဲထိုးမိမလားဆိုပြီးလည်း ကျွန်တော်မစဉ်းစားနိုင်တော့ဘူးလေ။

သူစိမ်း....သို့သော် [သူစိမ်း -၂] [U+Z] (completed)Where stories live. Discover now