ချန်းခင် (၉)

309 31 9
                                    

ညကအိပ်ကောင်းကောင်းနဲ့အိပ်ပျော်သွားလိုက်တာမနက်၇နာရီခွဲတော့မှ နိုးတယ်။ ရေချိုးခန်းတွေရှိတဲ့ဘက်မှာကိုယ်လက်သန့်စင်လို့ရတဲ့ ဘေစင်ရှိပေမယ့် ရေပိုက်ပိတ်ထားသေးတာကြောင့် ရေချိုးကန်ကိုဆင်းပြီး မျက်နှာသွားသစ်ရတယ်။ မျက်နှာသစ်ဖို့ပြင်နေတဲ့အချိန် အဆောင်ရှေ့မှာမုန့်လာရောင်းတဲ့အသံကြားတာနဲ့ ခဏထွက်ဝယ်လိုက်သေးတယ်။ စက်ဘီးနဲ့လှည့်ရောင်းနေတဲ့လူဆီမှာ ပဲပြုတ်နံပြားရတာနဲ့ အဆင်သင့်သွားတယ်ပြောရမယ်။ ဒီပ,ပဲပြုတ်နံပြား ကြိုက်တဲ့အကြောင်းကျွန်တော်သိတယ်လေ။

ကျွန်တော်မျက်နှာသစ်ပြီးအဆောင်ပေါ်တက်လာတော့ဒီပနိုးနေပြီ။

"ဟာ ကိုချန်း ကျနော့်အတွက်ရောပါလား..."

အိပ်ချင်မူးတူပုံစံကနေ အစားမြင်ပြီးလန်းဆန်းသွားတဲ့မျက်နှာကိုမြင်တော့ စ,ချင်သွားနဲ့သူ့အတွက်မပါကြောင်း ပြောလိုက်တယ်။ ချက်ချင်းအလိုမကျတဲ့မျက်နှာထားပြောင်းသွားတာကို ကြည့်ပြီး ကျွန်တော်
ရယ်မိသွားတယ်။

"ဟား ဟား...နောက်တာပါကွာ...မင်းအတွက်ပဲဝယ်လာတာ" လို့ကျွန်တော်ပြောတဲ့အခါ သွားဖွေးဖွေးတွေပေါ်အောင်ပြုံးပြတယ်။

"ဟေ့...ဟေ့ မျက်နှာအရင်သွားသစ်လေ ညစ်ပတ်လေးရဲ့"

အစာလာနှိုက်တဲ့လက်ချောင်းလေးတွေကိုမနာအောင်ဖြတ်ရိုက်လိုက်တော့

"ဒီအတိုင်းစားလည်းရတာပဲ...ကိုချန်းကလည်း"

အခေါ်အဝေါ်ကြောင့်မျက်မှုန်ကြုတ်ပြလိုက်တဲ့ကျွန်တော့်အပြုအမူကို ပထမတော့သူနားလည်လိုက်ပုံမရ။ ပြီးတော့မှ ကိုယ့်အပြစ်ကိုယ်သိသွားတဲ့သူလို ခုနကအတိုင်းအပိုးမသပ်တဲ့မျက်နှာနဲ့

"အကိုကလည်း...အရင်စားပြီးမှ မျက်နှာသစ်တော့မယ်နော်" ဆိုပြီးအထွန့်တက်လာတယ်။

"မရဘူး သွား မျက်နှာသွားပြီးမှ စားရမယ် မသစ်ရင် ကျွေးဖို့အစီအစဉ်မရှိဘူး"

မရဘူးလို့လည်းဆိုရော၊ မျက်နှာဆူပုပ်သွားပြီး ရေခွက်နဲ့သွားတိုက်ဆေး,လှည့်ယူတယ်မှတ်နေတာ။ ထင်တဲ့အတိုင်းမဟုတ်ဘဲ ကျွန်တော့်ဆီကနေမုန့်ထုပ်ကိုဆွဲလုသွားတယ်လေ။ ကျွန်တော်လည်းဘယ်ရမလဲ၊ ပြန်လုယူတာပေါ့။ ကျွန်တော်ကလု,သူကမပေး၊ ကျွန်တော်ပြန်ရသွားမလိုနဲ့သူပဲပြန်ဆွဲသွားတော့ ခဏအတွင်းမှာရုတ်ရင်းဆန်ခတ်ဖြစ်သွားပြီး မုန့်ထုပ်ကိုကိုင်လျက်ကုတင်ပေါ်ကို သူအထိုင်ကျသွားတယ်။ခေါင်းအုံးပေါ်ခေါင်းကျမိတော့မလိုလဲကျသွားတဲ့သူ့ကို ကျွန်တော်အပေါ်ကနေ အုပ်မိုးထားသလို အနေအထားဖြစ်သွားတယ်။

သူစိမ်း....သို့သော် [သူစိမ်း -၂] [U+Z] (completed)Tempat cerita menjadi hidup. Temukan sekarang