ချန်းခင် (၁၀)

301 33 15
                                    

( flashback )

လွန်ခဲ့သော ၅ရက်

ထုံးစံအတိုင်းမိုးလင်းကနေမိုးချုပ်အလုပ်,လုပ်နေရ
တာဆိုတော့ ဒီနေ့လည်းစုမွန်တို့အိမ်ကိုမရောက်မဖြစ်ရောက်သွားတယ်။ အလုပ်ဆိုတာတစ်ခြားတော့မဟုတ်ဘူး၊ ဝဏ္ဏဆိုတဲ့နွားကိုညှည်းဆဲတဲ့ကိစ္စကိုပြောတာပါ။ အိမ်ရှေ့ခြံဝင်းထဲမှာချထားတဲ့သစ်သားခုံတန်းရှည်ပေါ်,ဒီပနဲ့ပူးပူးကပ်ကပ်ထိုင်နေလိုက်တယ်။

"စောစောစီးစီး လာရိုပြနေပြန်ပြီနော်..."

နှစ်ယောက်တည်းအေးအေးဆေးဆေးရှိနေရာက
စုမွန်ကျွန်တော်တို့အနားကိုရောက်လာတယ်။ ပြီးတော့မျက်နှာချင်းဆိုင်မှာဝင်ထိုင်ပြီး သူ့ရဲ့မပြီးဆုံးသေးတဲ့ အမြင်ကတ်ကျမ်းကိုရွတ်ပြတော့တယ်။

"ငါ့မောင်ကလည်းနော် မထုံတတ်သေးရုပ်နဲ့ အခုကျတော့ အမတွေအမေတွေရှေ့တောင်မသိဘူး ရည်းစားနဲ့ ဖြစ်ပျက်ပြနေလိုက်တာ..."

"အမကလည်း အမေကြားသွားဦးမယ်ဗျာ"

"ဟဲ့ ငါကကြားအောင်ပြောတာလေ"

ကျွန်တော်တို့နှစ်ယောက်ချစ်ပြသည်းပြနေတယ်ဆိုပြီး စုမွန်သာပြောနေတာ၊ တကယ်တော့ဒီပဘေးမှာထိုင်နေရုံကလွဲပြီး ကျွန်တော်ဘာမှမလုပ်ပြရပါဘူး။ စိတ်ပေါက်တဲ့အချိန် ဒီပကိုပါးကိုင်နားကိုင်လုပ်မိတာကလွဲလို့ပေါ့လေ။ ဒါကလည်း၊ဒီကောင်လေးကျွန်တော့်စကားနားမထောင်ဘဲကလန်ကဆန်ပြန်ပြောတဲ့အခါမှပါ။

"သူများရည်းစားကြားဝင်ပါရင် နင်ဝဋ်လည်မယ်နော် ဘာလဲမကြောက်တာလား..."

အခုတလော ကျွန်တော့်အပြုအမူတွေမဆိုစလောက်
လေးပြောင်းလဲချင်နေတာကို ကိုယ်တိုင်လည်းသတိ
ထားမိပါတယ်။ ကျွန်တော့်အယောင်ဆောင်ရည်းစားလေးဖြစ်တဲ့ဒီပနဲ့ ဝဏ္ဏမဟုတ်တဲ့အခြားလူရှေ့မှာသည်းပြနေဖို့မလိုမှန်းကိုလည်း သိတယ်။ အထူး
သဖြင့် ကျွန်တော်သံယောဇဉ်ရှိနေတဲ့ စုမွန်ရှေ့မှာပေါ့။ ဒါပေမယ့်၊ အခုနောက်ပိုင်းဒီပကကျွန်တော့်ကောင်လေးပါဆိုတဲ့အကြောင်းပြောရတာကိုပဲ
အကျေနပ်ကြီးကျေနပ်ချင်နေတာ။

သူစိမ်း....သို့သော် [သူစိမ်း -၂] [U+Z] (completed)Where stories live. Discover now