၂၀၁၈
ဝဏ္ဏရဲ့ခံနိုင်ရည်ကိုစမ်းသပ်ဖို့ ကျွန်တော်နဲ့ဒီပတို့နှစ်ယောက်ကို ဝဏ္ဏသဝန်မတို,တိုအောင်လုပ်ဖို့ အကွက်ချထားတဲ့ ကျွန်တော့်အစီအစဉ်က လျော့တီလျော့တဲ ဟာကွက်များနေတာမျိုး မရှိပါဘူး။ ကိုယ့်ကိုယ်ကိုယ်အမွှန်းတင်တာမဟုတ်ပေမယ့် ကျွန်တော့်အစီအစဉ်စေ့စပ်နေတာကို ကျွန်တော်အားရတယ်။ ဒါပေမယ့် ပြဿနာက
"အကို စဉ်းစားထားတာကောင်းပါတယ် ဒါပေမယ့်အကဲပိုသလိုဖြစ်မလားလို့ပါ"
"ငါကုန်းပိုးမှာဆိုလို့ အပိုးမခံချင်လို့ မင်းလျှောက်ပြောနေတာတော့မဟုတ်ဘူးပေါ့"
"မဟုတ်ပါဘူး အကိုရ ပြီးတော့အကို့အစီအစဉ်ကိုလုံးဝပယ်မယ်လို့ ပြောတာမဟုတ်ဘူးလေ ကျွန်တော်စဉ်းစားထားတာနဲ့ဆို ပိုသဘာဝကျမလားလို့ သူသဝန်တိုသွားရင် ဘယ်နည်းနဲ့ဖြစ်ဖြစ် အဆင်ပြေတယ်မဟုတ်လား"
"မင်းက ဘယ်လိုစဉ်စားထားတာလဲ"
"ဒီလိုလေ ကျွန်တော့်ကိုတောင်အောက်ကနေတောင်ထိပ်ပေါ်ထိ ပိုးရရင်အကိုလည်းပင်ပန်းမယ် ကိုဝဏ္ဏသာနည်းနည်းဉာဏ်ကောင်းသွားရင် ကျွန်တော်တို့ကြံဖန်တာ သူရိပ်မိနိုင်လောက်တယ် ကျွန်တော်တို့ငယ်ငယ်တုန်းကအိမ်စာကူးရင် ပြောနေကျစကားရှိတယ်လေ ကူးတော့ကူး ချွတ်စွတ်မတူစေနဲ့ဆိုတာလေ"
"ဒီတော့"
"ဒီတော့ ကျွန်တော်တောင်ခြေမှာပဲနေခဲ့မယ် အကိုတို့ပဲတောင်ပေါ်တက်တော့"
"ဒီလိုဆို တို့ရည်ရွယ်ချက်ဘယ်ပေါက်မြောက်တော့မလဲ"
"ဆက်နားထောင်ဦးလေ ကျွန်တော်လိုက်မတက်တော့ဘူး အကိုပဲ လမ်းမှာကျွန်တော့်ကို စိတ်ပူသလို ပျင်းမှာစိုးသလိုအကြောင်းပြပြီး ခဏခဏစာပို့ ဖုန်းဆက်ပေါ့ ရှုခင်းလှတဲ့နေရာရောက်ရင် ဗီဒီယိုကောလ်ခေါ်ပေါ့"
"ဒါပဲလား မင်းကိုဖက်ပြနမ်းပြ မလုပ်ရတော့ဘူးလား"
ကျွန်တော်ချစ်စနိုးနဲ့နောက်တော့ ကောင်လေးကမျက်စောင်းထိုးတယ်။
စဉ်းစားကြည့်ရင် ဒီပပြောတာလဲဟုတ်နေတာပဲ။
"အေးပါ ရုပ်ရှင်ကားတွေထဲကလို သည်းပြရင်ဟိုကောင် ဂျေမဝင်ဘဲ သံသယဝင်နေမှ၊ မင်းပြောတာလည်း မဆိုးပါဘူး"
VOUS LISEZ
သူစိမ်း....သို့သော် [သူစိမ်း -၂] [U+Z] (completed)