ချန်းခင်,ဝဏ္ဏ

298 41 104
                                    

ချန်းခင်

အချိန်ဘယ်လောက်ကြာသွားသလဲမသိဘူး။ကျွန်တော့်ကိုချစ်သူရည်းစားတစ်ယောက်အဖြစ်လက်မခံနိုင်တဲ့အကြောင်းကြားရတဲ့အချိန်ကနေအခုထိဘယ်
နှစ်မိနစ်ဒါမှမဟုတ်ဘယ်နှစ်နာရီကြာသွားပြီလဲ။အခုကျွန်တော်ရောက်နေတဲ့နေရာဟာကျွန်တော့်ရဲ့အဆောင်ခန်းမဟုတ်ပါဘူး။ကျွန်တော်ဘယ်ရောက်နေတာလဲ။ဘယ်နေရာတွေကိုကျော်ဖြတ်လာခဲ့ရလဲ၊ဘာမှမသိဘူး။ကျွန်တော်သိတာက အခုကျောင်ဝင်း
ထဲမှာကျွန်တော်ရောက်နေတာကိုပါ။

အချိန်ဘယ်လောက်ကြာသွားသလဲမသိဘူး။ကျွန်တော့်ကိုချစ်သူရည်းစားတစ်ယောက်အဖြစ်လက်မခံနိုင်တဲ့အကြောင်းကြားရတဲ့အချိန်ကနေအခုထိဘယ်နှစ်မိနစ်ဒါမှမဟုတ်ဘယ်နှစ်နာရီကြာသွားပြီလဲ။အခုကျွန်တော်ရောက်နေတဲ့နေရာဟာကျွန်တော့်ရဲ့အဆောင်ခန်းမဟုတ်ပါဘူး။ကျွန်တော်ဘယ်ရောက်နေတာလဲ။ဘယ...

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.

(Mawlamyaine University at Night)

ညမီးရောင်အောက်မှာကံ့ကော်ပန်တွေဝန်းရံထားတဲ့ကျောင်းတော်ကြီးကတော့ လှမြဲအတိုင်းလှလို့။တည်ငြိမ်ဆဲတည်ငြိမ်နေလို့။မတည်ငြိမ်တာက
မတည်ငြိမ်တာ...။

"ဟဲ့ ချန်း လာလေ အဲ့မှာဘာရပ်လုပ်နေတာလဲ"

ကျောင်းဝင်းထဲကနေထွက်လာတဲ့စုမွန်နဲ့အဓိပတိလမ်းကနေဝင်လာတဲ့ကျွန်တော်၊ Main ဆောင်ကြီးရှေ့ဟင်္သာရုပ်နဲ့ ရေပန်းနားမှာလာဆုံတယ်။ကျောင်းထဲကိုလာခဲ့ဖို့စုမွန်ကျွန်တော့်ကိုခေါ်ခဲ့တာ။ဒါကြောင့်ကျွန်တော်ဒီရောက်နေတာဖြစ်မယ်။အခြေအ‎နေတွေ
ပြောင်းလဲသွားတာကိုစုမွန်မသိသေးဘူး။ကျွန်တော်နဲ့ဒီပတို့ရဲ့ဆက်ဆံရေးဟာ နေ့ခင်းတုန်းကကျွန်တော်တွေးထင်နေခဲ့သလိုမဖြစ်ခဲ့တဲ့အကြောင်းစုမွန်မရိပ်
မိသေးပါဘူး။

စုမွန်ခေါ်ရာနောက်ကိုကျွန်တော်လိုက်လာခဲ့တယ်။ရာမည-၁ ရဲ့အရှေ့အုတ်ခုံတွေပေါ်မှာသူတို့သူငယ်ချင်းတစ်စုရောက်နေပြီးသား။နေ့လယ်တုန်းကတွေ့ခဲ့ရတဲ့မျက်နှာတွေပါ။စိတ်ထဲမှာလေးလံနေပြီးရင်ဘတ်တစ်ခုလုံးအောင့်နေပေမယ့်အခြားလူတစ်ယောက်ရဲ့ပျော်ရွှင်နေရချိန်ကိုဖျက်လိုဖျက်စီးမလုပ်ချင်တာကြောင့် ငြိမ်ပြီးထိုင်ဖြစ်ခဲ့ပါတယ်။

သူစိမ်း....သို့သော် [သူစိမ်း -၂] [U+Z] (completed)Donde viven las historias. Descúbrelo ahora