ချန်းခင် (၁၄)

250 27 21
                                    

(ဗုဒ္ဓဟူး)

အချိန်ဟာစောင့်ဆိုင်းနေရသူတွေအတွက်တော့ အ
ကြီးမားဆုံးရန်သူပါ။ သမရိုးကျဖြတ်သန်းသွားလာတဲ့အခါ အချိန်ကအကုန်မြန်တတ်သလောက်၊တစ်စုံတစ်ခုကိုစောင့်ရတဲ့အခါရှည်လျားနိုင်လွန်းတယ်။ပုံမှန်အတိုင်းဆိုရင် ဘယ်လောက်မှ
မရှိတဲ့ ၄၈နာရီဟာ ဒီတစ်ပတ်မှာတော့၄၈ရက်လောက်ကြာခဲ့သလို။

ဒါပေမယ့် တစ်ခုရှိတာကအချိန်ဟာစောင့်ဆိုင်းသူတွေအတွက်စောင့်ဆိုင်းခြင်းရဲ့အလွန်မှာလက်ဆောင်တစ်ခုသိမ်းထားပေးတတ်တယ်မဟုတ်လား။လေးရက်တာလွမ်းဆွတ်ခဲ့ရတာတွေအတွက် ကျွန်တော့်ရဲ့ဆုလာဘ်က အပြုံးလွှမ်းနေမယ့်မျက်နှာပါ။ ကလေးလေးတစ်ယောက်လိုအပြစ်ကင်းစင်တဲ့အပြုံးနဲ့အပြုံးပိုင်ရှင်ရဲ့မျက်နှာလေ။

"ဟာကွာ ကားကဒီနားရောက်မှ ဘာကိစ္စလာကြပ်
နေရတာလဲ"

လေးရက်တာနဲ့၁၁နာရီအပိုဆောင်းစောင့်ခဲ့ရသူဟာ
နောက်ထပ်မိနစ်ပိုင်းကာလကို စိတ်မရှည်နိုင်ဘူးဖြစ်နေတယ်။ကားကမြို့ထဲကိုရောက်နေပါပြီ။ဒါပေမယ့် နောက်ထပ်၁၀မိနစ်လောက်နေရင် ရောက်ရတော့မယ့် တောင်ဝိုင်းလမ်းဆီကို ကျွန်တော်အပြေးပဲသွားလိုက်ချင်တာ။

သူ့မျက်နှာကိုတွေ့ချင်မြင်ချင်လှပြီမဟုတ်လား။စုမွန်ပေးတဲ့အကြံအတိုင်းလိုက်နာပြီး ဒီနေ့အဆောင်
ပြန်လာမယ့်အကြောင်း သူ့ကိုတောင်အသိမပေးခဲ့
ရပါဘူး။ အဆောင်ကိုရောက်ခါနီး,အခုလိုမိနစ်ပိုင်းအလိုအခြေအနေမှာလည်း ကျွန်တော်သူ့ကိုမဆက်သွယ်မိဘူး။

မနေနိုင်‎ေတာ့လို့အခုချက်ချင်းအသိပေးလိုက်မယ်
တွေးရင် စုမွန်ပြောခဲ့တဲ့စကားသံတွေကို နားထဲမှာ
ပြန်ကြားလာရတာ။

"နင်ပြန်လာမယ့်အကြောင်းသိပြီး သူဘယ်လိုတုံံ့ပြန်မလဲဆိုတာကို သိချင်ရင်နင်ဖုန်းဆက်လို့မရဘူး သတင်းကြားလို့ဖြစ်သွားမယ့် သူ့မျက်နှာကိုဖုန်းထဲကနေမြင်မှမမြင်နိုင်တာ အဲဒီတော့ လူအကောင်လိုက်ကြီးသူ့ရှေ့ရောက်တော့မှ သူ့မျက်နှာအရိပ်အကဲကို နင်ကြည့်ပါတော့"

အဲဒီလိုနဲ့ ပြန်လာမယ့်အကြောင်းပြောပြဖို့ဆန္ဒပြင်း
ပြနေတဲ့ကြားက ကျွန်တော်မျိုသိမ့်ထားလိုက်ရ
ပါတယ်။

သူစိမ်း....သို့သော် [သူစိမ်း -၂] [U+Z] (completed)Where stories live. Discover now