" ဟေ့ ဝေယံ မင်းကိုတီချယ်တွေမေးနေပြီ စာမေးပွဲ
မဖြေတော့ဘူးလားတဲ့""ဟေ ဟုတ်လား"
"ကျောင်းခေါ်ချိန် ၇၅% မပြည့်ရင်စာမေးပွဲဖြေရမယ်စိတ်မကူးနဲ့တဲ့ ငါတို့ကိုခြောက်နေတာပဲကွာ"
"အေးပါ တက်ပါ့မယ်ကွာ အခုတော့ငါမလုပ်မဖြစ်လုပ်ရမယ့် ကိစ္စလေးရှိနေလို့ပါ ငါ့အတွက် roll call (အတန်းခေါ်ချိန်)ထိုးလို့ရရင်လည်း ကူညီပါဦး
ဟေ့ကောင်ရေ""အေးပါကွာ ရသလောက် roll call ခိုးထိုးပေးနေပါတယ် မင်းသာ မင်းကိစ္စကို အမြန်ဆုံးအဆင်ပြေအောင်လုပ်, ပြီးရင် အတန်းလာတက်တော့ ဝေယံရာ"
"အေး အေး ဒါနဲ့ ဟေ့ကောင် tuto(အစမ်းစစ်စာမေးပွဲ) မရှိသေးဘူးမလား"
"မရှိသေးဘူး ဒါပေမယ့်နောက်တစ်ပတ် ပေးရ
မယ့် assignment နှစ်ခုလောက်ရှိတယ်""ဟုတ်လား ပိတ်ရက်ကျမှမင်းဆီလာတော့မယ်နော်
ကူညီပေးပါဦး သူငယ်ချင်းရယ်""အေးပါ ပြောနေရမယ့်လူကျလို့"
"ရှဲရှဲ(ကျေးဇူး) သားရီး"
နောက်တော့ကျွန်တော့်ကိုလက်ပြနှုတ်ဆက်ပြီးစာသင်ဆောင်တွေရှိရာကိုဦးတည်သွားတယ်။ကျွန်တော်လည်းလုပ်စရာရှိတဲ့(ကျွန်တော့်အတွက်အရေးကြီးတဲ့)ဒီနေ့အတွက်လုပ်ငန်းကိုစတင်ရတယ်။အတန်းချိန်ဖြတ်ပြီးတော့,သွားလုပ်ရတဲ့ကိစ္စဆိုတော့သေးသေးမွှားမွှားမဖြစ်နိုင်မှန်း သူငယ်ချင်း
သိမှာပါ။ဒါပေမယ့်ကျောင်းချိန်ထက် ကျွန်တော်ပိုဦးစားပေးထားတဲ့အလုပ်ဟာ လူတစ်ယောက်နောက်ကိုနောက်ယောင်ခံလိုက်တဲ့အလုပ်မှန်းသိရင် ရူးနှမ်းတယ်လို့သမုတ်မှာပဲ။မိုက်မဲတယ်ဆိုပြီးတော့လည်းကောက်ချက်ချနိုင်တယ်။ဒါပေမယ့်, ကျွန်တော့်အတွက်တော့ဒီနောက်ယောင်ခံလိုက်ခြင်းဟာ အရေးကြီးတယ်။ဘာကြောင့်လဲဆိုရင်, ကျွန်တော် သွား,သွားကြည့်နေတဲ့လူဟာသာမန်လူတစ်ယောက်မဟုတ်လို့ပါ။သူဟာ ကျွန်တော့်ရင်ထဲကိုရှားရှားပါးပါးတိုးဝင်နိုင်ခဲ့တဲ့ ယောက်ျားတစ်ယောက်ဖြစ်နေလို့ပါ
အချစ်ကိစ္စကိုပညာရေးထက်ဦးစားပေးလို့ရူးတယ်၊ပြောချင်ပြောပါတော့။ပညာရေးကိုနောက်လေးနှစ်စာလုံး အတားအဆီးမရှိကြိုးစားလို့ရတယ်။သူ့ကိုတော့ လေးနှစ်လုံးလုံးပိုးပန်းလို့မရနိုင်ဘူးလေ။
မမြင်နိုင်,မသိနိုင်တဲ့လူတစ်ယောက်ယောက် သူ့ကိုပိုင်ဆိုင်သွားခဲ့ရင်ကျွန်တော်ဟက်ကော့ကြီးကျန်ခဲ့လိမ့်မယ်။ အခုတောင်၁၀ရက်ဆိုတဲ့အချိန်ကာလကိုကျော်လွန်ခဲ့ပြီမဟုတ်လား။
![](https://img.wattpad.com/cover/216806049-288-k892741.jpg)
KAMU SEDANG MEMBACA
သူစိမ်း....သို့သော် [သူစိမ်း -၂] [U+Z] (completed)