ဝဏ္ဏ (၁၂)

262 35 23
                                    

please be nice to me - Kim Hyun-Koong
___________________


"‎‎ဟေ့ကောင် ဇွတ်သောက်နေနဲ့နော် ငါဧည့်သည်တွေရောက်လို့ ဧည့်ခံစရာမရှိဘူးဆိုရင် မင်းအမက ငါ့ကိုသတ်မှာဟ"

"ကျနော် မသောက်ပါဘူး ကိုဘွားရာ"

"အေး သေချာတယ်နော် မသောက်တာ"

"အခုစိတ်ပြောင်းသွားပြီ ဘယ်သူ့မှမလာခင်ရှိသမျှ booze (အရက်)တွေသောက်လိုက်တော့မယ်ဗျာ"

တကယ်တော့စိတ်ပေါက်ပေါက်နဲ့သာပြောခဲ့တာ,ဟိုတစ်ည၊ကမ်းနားလမ်းမှာမူးရူးကွဲပြဲပြီးတဲ့နောက်အရက်ကို လက်ဖျားနဲ့တောင်မထိတော့တာပါ။
အယ်ကိုဟောကလူ့စိတ်ကိုခဏတာသာယာအောင်လုပ်နိုင်ပါတယ်။ဒါပေမယ့် အခုချိန်မှာကိုယ့်အပြစ်ကိုကိုယ် ကြိတ်မှိတ်ခံရုံကလွဲပြီးကျွန်တော််ဘာမှမလုပ်သင့်ဘူး။ခဏတာလောက်တောင်စိတ်သာယာမှုကိုမရှာသင့်တော့ဘူး။ကျွန်တော့်ကြောင့်ထိခိုက်သွားတဲ့ကောင်လေးတစ်ယောက်ကိုကျွန်တော် မတောင်း
ပန်ရမချင်းပေါ့။ သူ့အပေါ်ရိုင်းပြခဲ့တာနှစ်ရက်ပဲရှိသေးတော့ မျက်နှာပြောင်တိုက်ပြီးသူ့ကို မဆက်
သွယ်ရဲဘူး။လူချင်းသွားတွေ့ဖို့ဆိုပိုဝေးတယ်။

"ကိုဘွား ဧည့်သည်တွေကလာဦးမှာလား"

ကြာသပတေးနေ့ခင်းလောက်တည်းကအိမ်ပြန်မလို့ပါပဲ။ကိုလှိုင်ဘွားက သူ့ရဲ့ engagement party (စေ့စပ်ပွဲအထိမ်းအမှတ်)ပြီးတဲ့ထိနေပေးဆိုလို့ စနေနေ့ညထိသူ့တိုက်ခန်းမှာသောင်တင်နေတာ။

"လာတော့မှာပါကွာ မင်းကလည်း"

ကြည်နူးပျော်ရွှင်နေတဲ့ကြင်သူနှစ်ယောက်ကိုကြည့်နေဖို့ ကျွန်တော့်မှာစိတ်ကူးမရှိပါဘူး။ခံနိုင်ရည်ရှိမှာလည်းမဟုတ်ဘူး။ဒါပေမယ့် ကိုရီးယားဒရမ်မာတွေထဲကလိုမရိုပြပါဘူးဆိုပြီးကတိပေးတာကြောင့်ရော၊အခုအခြေအနေနဲ့အိမ်မပြန်သင့်သေးကြောင်းပြောလာတာကြောင့်ရော၊ မပြန်သေးဘဲမော်လမြိုင်မှာနေဖြစ်နေတာ။

သူစိမ်း....သို့သော် [သူစိမ်း -၂] [U+Z] (completed)Onde histórias criam vida. Descubra agora