ဗညားချမ်း (၁)

223 37 20
                                    

flashback to (လွန်ခဲ့သောတစ်နှစ်-၂၀၁၇)

"နင် မဟေသီ(အပြင်ဆောင်နာမည်)မှာဂစ်တာသွားသွားတီးနေတယ်မဟုတ်လား ဗညား"

ရည်းစားလေးတစ်ယောက်ထားမိပါတယ်။ရစ်လိုက်တာလည်းလွန်ရော။သူငယ်ချင်းစနက်ကြောင့်အခြားမိန်းကလေးတစ်ယောက်နေတဲ့အဆောင်ကိုသွားမိရင်ပဲ ကမ္ဘာ့သစ္စာဖောက်ကြီးလိုသတ်မှတ်ခံရရော။ Jesus Christ ကိုငွေထည်သုံးဆယ်နဲ့အလဲအလယ်လုပ်ခဲ့တဲ့ Judas လိုလေ။

"အေး အဲဒါဘာဖြစ်လို့လဲ"

"နင် အသစ်တွေ့နေတာ မဟုတ်ဘူးမလား"

ကျွန်တော်စိတ်နည်းနည်းဆတ်ချင်သွားတယ်။ဘယ်မိန်းကလေးကများကိုယ့်ရည်းစားနဲ့ယှဉ်ပြီးတစ်ခြားလူရဲ့စကားကိုယုံကြည်မှာလဲ။ဘယ်သူ့ဆီကကြားလို့ကြားမှန်းမသိတဲ့စကားတွေကိုသူနားဝင်နေတယ်တဲ့လေ။မိန်းကလေးအဆောင်တစ်ဆောင်မှာ လူငယ်သဘာဝလူပျိုလှည့်တေးသွားဆို,တာနဲ့ အသစ်တွေ့တယ်ဖြစ်ရသလား။

"မရစ်စမ်းပါနဲ့ ပိုးအိရာ"

သူနဲ့တွဲခါစကာလတွေတုန်းကတော့ချစ်သူရည်းစားဘဝဟာပျော်စရာပါ။ရင်ခုန်စရာပါ။ဘာမဟုတ်တဲ့အရာလေးနဲ့ကျွန်တော့်ကိုစကားနိုင်လုတတ်တာကို
မသိခင်အချိန်တုန်းကပေါ့။

"နင် မဟုတ်တာလုပ်ထားရင်တော့ပြောရမှာပဲလေ ငါမေးတာကိုဖြေပါ ဗညားရယ် နင်အသစ်တွေ့နေတာမဟုတ်ဘူးမလားလို့"

ဒေါသကငယ်ထိပ်ကိုချက်ချင်းထိုးတက်သွားပြီ။သူစကားနာထိုးတတ်မှန်းသိခဲ့ရင်..........။အနေအထိုင်အေးဆေးတဲ့လူ၊မှုန်ကုတ်ကုတ်နဲ့ချစ်စရာကောင်းတဲ့မိန်းကလေးဆိုပြီးရင်ခုန်ခဲ့ရသလောက် အခုတော့ကိုယ့်ရင်ခုန်သံကိုကိုယ်ဖြတ်ရိုက်ချင်သွားတယ်။ခုန်ချင်ဦးဟဆိုပြီးတော့လေ။အတန်းဖော်မိန်းကလေးတစ်ချို့နဲ့ကန်တင်းထိုင်မိရင်ပဲဖြစ်စေ၊ဆရာတွေပေးတဲ့ assignment ကြောင့်မိန်းကလေးသူငယ်ချင်းတွေနဲ့စာအတူလုပ်မိတာမျိုးဖြစ်စေ၊သူကျွန်တော့်ကိုအခုလိုရစ်တတ်ပါတယ်။မိန်းကလေးကိစ္စသပ်သပ်မဟုတ်သေးဘူး။တစ်ခါတစ်လေအဆောင်ကဘော်ဒါတွေနဲ့ကျိုက်မရောလမ်း,ထန်းပင်တန်းမှာရှိတဲ့ထန်းရည်ဆိုင်တွေမှာထိုင်မိရင်လည်း နားနဲ့မဆံ့လောက်အောင်ကို ညလုံးပေါက်ယဉ်ကျေးလိမ္မာသင်တန်းပို့ချသေးတာ။ကိုယ်ရည်းစားတော်ထားရတာ ခန္ဓာကိုယ်လုံးလုံးကလေးနဲ့ချစ်ဖို့ကောင်းတဲ့သူငယ်ချင်းမလေးမဟုတ်ဘဲ သီလရှင်လေးလားဆိုပြီး‎ရံဖန်ရံဖန်တွေးမိသေးတယ်။

သူစိမ်း....သို့သော် [သူစိမ်း -၂] [U+Z] (completed)Where stories live. Discover now