ချန်းခင် (၆)

456 39 12
                                    

၂၀၁၈

ခရစ်စမတ်၊နှစ်သစ်ကူးအတွက် သီချင်း cover ဗီဒီယိုတစ်ခုလုပ်ရန်တိုင်ပင်ကြဖို့ ဒီပကိုသူ့အိမ်ကနေ အပြင်ခေါ်ထုတ်လာလိုက်တယ်။ ကျွန်တော်တို့သူငယ်ချင်းတွေစုပြီး ဂစ်တာတီး၊ဂိမ်းဆော့ကြတဲ့နေရာကိုပေါ့။ ဟိုတုန်းကတော့ ညဘက် အပြင်ထွက်ကြတဲ့လူပျိုလေးတွေကို လူပျိုလှည့်ကြသူများလို့ခေါ်တာပေါ့‎လေ။အခုကတော့ ရည်းစားရှိတဲ့သူလောက်ပဲ ရည်းစားအိမ်သွားပြီးခိုးတွေ့ကြတာကလွဲရင် တစ်ကိုယ်တော်သမားတွေကတော့ အရက်ဘီယာလေးသောက်စားလိုက်၊ဂိမ်းဆော့လိုက်၊ဘေးအိမ်က ခဲနဲ့ထုချင်လောက်အောက် သီချင်းအကျယ်ကြီးအော်ဆိုလိုက်ပါပဲ။ လာတုန်းကဒီပကိုခေါ်ထုတ်သွားတဲ့အကြောင်း အသိပေးချင်လို့ ဝဏ္ဏကိုလိုက်ခဲ့ဖို့ဟန်ပြခေါ်သေးတယ်။ ကျနော်တို့နှစ်ယောက်ချစ်ပြတာကိုမကြည့်နိုင်လို့တူပါရဲ့၊ ကိုယ်တော်ချောကလိုက်မလာဘူးလေ။

"ဪ မင်းကိုပြောဖို့မေ့နေတာ"

"ဘာလဲ ကိုချန်းရ၊ ပြောလေ"

"ဝဏ္ဏစော် တောင်ကုန်း(ရွာ)ကို နယျူးရီးယားပိတ်ရက်အလည်လာမယ်လို့ပြောတယ်"

ကောင်လေးက "ဪ"တစ်လုံးတည်းပြန်ပြောပြီး ငြိမ်ကျသွားတယ်။

"ဒီကောင် မင်းအမ စုမွန်ကိုပူဆာပြီး သူ့ရည်းစားကိုအိမ်ခေါ်ထားဖို့ပြောလိမ့်မယ်"

"အင်းလေ အမက ကိုဝဏ္ဏရဲ့အရင်းနှီးဆုံးမိန်းကလေးသူငယ်ချင်းဆိုတော့"

"အဲဒါ မင်းအိမ်မှာမနေချင်ရင် ငါ့အိမ်လာအိပ်လေ၊ အဒေါ်တို့ကို ငါပြောပေးမယ်"

"အင်း အကိုနဲ့လာအိပ်မယ်လေ"

သူ့စကားကိုအဓိပ္ပါယ်တစ်မျိုးကောက်ပြီး ခပ်ညစ်ညစ်မျက်စောင်းထိုးတော့ ရှက်တတ်တဲ့ကောင်လေးက နားရွက်တွေနီမြန်းနေတာပဲ။

"ကျနော့်ကို မစုလို့များ ထင်နေလားမသိဘူး"

"တကယ် ငါအခုမှသတိထားမိတာ မင်းက စုထက်ပိုချစ်ဖို့ကောင်းနေတယ်"

"မစုနဲ့အဆင်ပြေတဲ့အချိန်ကျရင် တိုင်ပြောမယ်"

"စုနဲ့မညားလဲရတယ်လေ အဓိက မင်းနဲ့ပေါင်းဖို့ပဲ မဟုတ်ဘူးလား"

သူစိမ်း....သို့သော် [သူစိမ်း -၂] [U+Z] (completed)Where stories live. Discover now