ဝဏ္ဏ (၈)

319 34 31
                                    

လူတွေရဲ့လိင်စိတ်ဟာရှုပ်ထွေးတတ်သလား ကျွန်တော်မသိဘူး ။ ကျွန်တော့်လိင်စိတ်ရှုပ်ထွေးနေတာကိုတော့ သိတယ်။

မျက်စိရှေ့မှာမြင်နေရတဲ့ ယောက်ျားနှစ်ယောက်နမ်းနေတဲ့ဗီဒီယိုဟာကျွန်တော့်ခံစားချက်ကိုဘာမှတော့
မသက်ရောက်ပါဘူး။ ကြည့်နေရင်းဆဲလ်ဖုန်းဖန်သားပြင်ပေါ်က လူနှစ်ယောက်ဟာဝတ်ထားတဲ့အဝတ်အစားကိုယ်စီကို ချွတ်လိုက်ကြတယ်။ နမ်း
ရှူပ်နေတာကတော့ မရပ်ဘူး။မကြာဘူး၊တစ်ယောက်ရဲ့လက်ဖဝါးက နောက်တစ်ယောက်ရဲ့တင်ပါးစုံပေါ်ငြိမ်နေရာကနေ ခန္ဓာကိုယ်ပေါ်နောက်ဆုံးကျန်နေတဲ့ underwear ကို ဖြည်းဖြည်းချင်းဖယ်ရှားလိုက်တော့ ခဏအတွင်းမှာပဲ နှစ်ယောက်လုံးအဝတ်ဗလာဖြစ်သွားကြတယ်။

ရိုက်ထားတဲ့သူကယောက်ျားနှစ်ယောက်ရဲ့လှုပ်ရှားမှုနောက်လိုက်ပြီးကင်မရာကို ကျွမ်းကျွမ်းကျင်ကျင်
ကစားပြတယ်။ ကြည့်သူစိတ်လှုပ်ရှားအောင်လုပ်နိုင်သလားဆိုတာကိုမေးဖို့မလိုအောင်တော်တယ်လို့ပြောလို့ရတယ်။ဒါပေမယ့် ပရိသတ်ကိုဆွဲဆောင်နိုင်လွန်းတဲ့ အဲဒီပြကွက်တွေက ကျွန်တော့်ကိုတော့မဆွဲဆောင်နိုင်ခဲ့ဘူး။ဒါက သေချာတယ်။ ကျွန်တော့်ကိုသာဆွဲဆောင်နိုင်ခဲ့ရင်အခုချိန်ကျွန်တော့်ခါးအောက်ပိုင်းတစ်နေရာဟာ ဒီလိုဘယ်ငြိမ်နေပါ့မလဲ။

ကျွန်တော့်လိင်စိတ်ဟာနားလည်ရခက်တယ်လို့ကျွန်တော်ဘာကြောင့်ပြောရသလဲဆိုတော့ ဗီဒီယိုကြည့်ပြီးတည်ငြိမ်နိုင်ခဲ့သလောက်အခြားတစ်နေရာကိုအတွေးရောက်သွားတဲ့အချိန်မှာမတည်ငြိမ်တော့လို့ပါ။ တိတိကျကျပြောရရင် လွန်ခဲ့တဲ့သုံးရက်တုန်းကကျွန်တော်နှုတ်ဆက်ခဲ့တဲ့ ကောင်လေးတစ်ယောက်အကြောင်းတွေးမိတဲ့အခါမှာကျွန်တော့်စိတ်တွေမငြိမ်သက်တော့တာပါ။

သူ့အကြောင်းစဉ်းစားမိတယ်ဆိုရင်ပဲ၊ ဖန်သားပေါ်
ကလူနှစ်ယောက်ဟာလည်း porn actors တွေ
မဟုတ်တော့ဘဲ နောက်လူနှစ်ယောက်အဖြစ်ပြောင်း
လဲသွားတယ်။ဖုန်းဗီဒီယိုပလေယာထဲကနေတစ်ဆင့်
ကြားရတဲ့ ညည်းသံကလည်း တစ်မျိုးပြောင်းသွား
ပြီ။ လူကအိမ်မှာရှိနေပေမယ့် စိတ်ကလွန်ခဲ့တဲ့သုံးရက်က မော်လမြိုင်မှာရှိခဲ့ရတဲ့ကာလဆီကိုချက်ချင်းခုန်ပြေးသွားကြတယ်။

သူစိမ်း....သို့သော် [သူစိမ်း -၂] [U+Z] (completed)Where stories live. Discover now