ချန်းခင်(၂)

1K 73 9
                                    


၂၀၁၈


ရော်ဘာခြံကိုရောက်ပြီး၆ရက်မြောက်မှာတော့ဒီပကိုအိမိပြန်ဖို့တိုက်တွန်းသင့်ပြီလို့သူယူဆတယ်။ဝဏ္ဏနာကျနေတာလည်း သူ့အထင်အနည်းအကျဉ်းသက်သာလောက်ပြီ။ လုံးဝပျောက်ကင်းဖို့အတွက်တော့အချိန်လိုဦးမှာကို ကိုယ်တိုင်ခံစားဖူးသူတစ်ယောက်အနေနဲ့သူသိပါတယ်။ဝဏ္ဏဟာဒီပအတွက်ရောဂါပိုးမဟုတ်ဘဲခန္ဓကိုယ်ကိုကောင်းကျိုးပေးတဲ့ဋိဇီဝလေးဖြစ်လာရင်တော့ ရောဂါကကုဖို့မလိုတော့ဘူးပေါ့။

ဝဏ္ဏနဲ့ပက်သက်တဲ့သူ့ထင်မြင်ချင်တွေမှန်ပါစေ။တကယ်မှန်စေချင်ပါတယ်။

"အဘွားအိမ်ပဲပြန်မလား"

"စိတ်မပူပါနဲ့ ကိုချန်းရာ ကျွန်တော်အဆင်ပြေမှာပါ အမေတို့အိမ်ပဲပြန်မယ်လေ"

"အေးပါကွာ"

"ကျွန်တော်တကယ်အဆင်ပြေပါတယ် ပြီးတော့ရှောင်တာထက်ရင်ဆိုင်တာပိုမကောင်းဘူးလား"

"မင်းပြောတာလဲဟုတ်ပါတယ်"

ပြောသာပြောရတာပါ။ဒီကလေးဝဏ္ဏကိုဘယ်လောက်ထိချစ်ကြောင်း သူမျက်မြင်တွေ့ခဲတာပဲ။ လွယ်လွယ်ကူကူတော့ ကွဲနေတဲ့အသည်း ပြန်ဆက်သွားမှာမှမဟုတ်ဘဲ။လူတစ်ယောက်ကိုချစ်တဲ့အခါရင်ခုန်တာနဲ့အတူခက်ခက်ခဲခဲချစ်ရသလို
မဖြစ်နိုင်ဘူးဆိုတဲ့အချိန်မှာတော့ခက်ခက်ခဲခဲမေ့ယူရတာက အချစ်ကံမကောင်းသူတိုင်းမကြုံလိုဘဲ
ကြုံရတဲ့အရာမဟုတ်လား။ဒါကြောင့် ဒီပကိုအချစ်ကံမကောင်းသူတစ်ယောက်မဖြစ်စေချင်တာ။သူတို့နှစ်ယောက်ဇာတ်လမ်းကိုပြီးဆုံးမသွားစေချင်တာ။

"ကိုချန်း မစုကို ဖွင့်ပြောလိုက်တော့"

"စုမွန်မှာငါတို့မသိထားတဲ့ တစ်ယောက်ယောက်ရှိနေမလားမသိဘူး ဒီပရ"

"ဘယ်သူမှ မရှိဘူးဆို"

"ဖြစ်ပါ့မလားကွာ ငါဖွင့်ပြောလိုက်လို့အခုထက်ပိုဆိုးသွားရင်"

သူစကားမဆုံးခင်မှာဒီပကသူ့ကိုမျက်မှောင်ကြုတ်ပြီးကြည့်နေတော့ သူသကားကိုအဆုံးမသတ်လိုက်နိုင်ပါ။ သူရှေ့ကလူငယ်က လေးနက်တဲ့စကားကိုလည်းပြောလိုက်သေးတယ်။

"ကိုချန်းက ဘာကိုကြောက်တာလဲ လူတစ်ယောက်ကိုချစ်တယ်ဆိုတာ ရဲရင့်တာပဲလေ ကြောက်စရာမှ
မဟုတ်တာ"

ကိုယ့်အမှုကိုယ်ပြန်ပတ်တယ်ဆိုတာဒါမျိုးလား
မသိ။ဝဏ္ဏကိုဖွင့်ပြောလိုက်ဖို့အားပေးတုန်းကသူကိုယ်တိုင်ပြောခဲ့တဲ့စကားကဒီတစ်ကြိမ်တော့ သူကိုယ်တိုင်အတွက်ဖြစ်နေပြီ။

ဒီပကိုသူဘယ်လိုမှမတုံ့ပြန်နိုင်တော့ပါ။သူ့မှာရွေးချယ်မှုလည်းရှိမယ်မထင်ပါ။ စုမွန်ကိုဖွင့်ပြောဖို့သာရှိတော့တယ်။ ဒီနေ့မပြောရင်လည်းဒီပကောင်းမှုနဲ့စုမွန်သိရလိမ့်မယ်။ တစ်နည်းမဟုတ် တစ်နည်းပဲ။

ဒီပသူ့ကိုကြည့်နေတဲ့အကြည့်ကလည်းသူကိုယ်တိုင်ပြောခဲ့တဲ့နောက်စကားတစ်ခွန်းကိုပြန်ကြားစေတဲ့အထိ။"မင်း မပြောရင် ငါသွားပြောပြလိုက်မှာနော်" ဆိုတာပေါ့။

****

ရော်ဘာခြံရှိတဲ့စက်စဲကနေတောင်ကုန်းပြန်လာတဲ့လမ်းတစ်လျှောက်လုံးစုမွန်ကိုဘယ်လိုဘယ်ပုံပြော
ရမလဲစဉ်းစားလိုက်၊ စိတ်ကူးမကြိုက်လို့နောက်ထပ်တွေးကြည့်လိုက်နဲ့ သူရဲ့အချစ်ဖွင့်ဟဝန်ခံခန်းကစိတ်ကူးမှာတောင်အစီမစဉ်မကျပဲပရုတ်သုတ်ခနိုင်နေတယ်။

ပျိုးမယ့်နိဒါန်းစကားရွေးရတာလည်းဆယ်တန်းစာဖြေတာထက်ကိုပိုခက်ပါရဲ့။

မိနစ်နှစ်ဆယ်ကဘာမှမကြာလိုက်ပဲကုန်သွားပြီးတောင်ကုန်းကိုရောက်လာခဲ့တယ်။ဒီပကိုသူ့အိမ်ကိုပို့ပြီးမသိယောင်ဆောင်ပြန်ဖို့လုပ်လိုက်သေးတယ်။
မအောင်မြင်ပါဘူး။

"အမ ကိုချန်းပြောစရာရှိလို့တဲ့"

ဒီပရဲ့ရှင်းလင်းပြတ်သားတဲ့ခေါ်သံနဲ့အတူအိမ်နောက်ဘေးကထွက်လာတဲ့စုမွန်ထူးသံကိုကြားရပြီ။

"အခုချက်ချင်းလားကွာ ငါ့ကိုနည်းနည်းမရိုခိုင်းတော့ဘူးလား"

"ရိုလို့ရတုန်းကမရိုဘဲဗျာ အခုမှတော့ရိုတာမရိုတာစဉ်းစားမနေနဲ့တော့ ဒီနေ့မှမပြောရင်လဲကိုချန်းနောက်တစ်ခါကျန်ရစ်ဖြစ်ဖို့ပဲရှိတာနော် အမကိုလိုက်နေတဲ့ဘဲတွေနောက်ပါသွားဦးမယ်"

ချစ်သူကိုနောက်တစ်ယောက်နဲ့တွဲမြင်ရတာက သိပ်ခက်တဲ့ကိစ္စဆိုတာအားလုံးလက်ခံကြမှာပါ။ဒီပအပြောတွေကြောင့် ဝဏ္ဏနဲ့စုမွန်တို့စတွဲခါစကအခြေအနေကိုပြန်ရောက်သွားသလို၊ အဲဒီတုန်းကခံစားရတဲ့ခံစားချက်တွေကလည်း လူကိုသတိပေးနေတော့ ဒီပစကားနားထောင်ဖို့စိတ်ပိုင်းဖြတ်လိုက်
ရပါတယ်။

*****

သူစိမ်း....သို့သော် [သူစိမ်း -၂] [U+Z] (completed)Where stories live. Discover now