ချန်းခင် (၁၂)

260 36 27
                                    

(ဗုဒ္ဓဟူး)

"ကိုချန်း ထတော့လေ"

ကျွန်တော့်ကုတင်ခေါင်းရင်းနားမှာဒူးထောက်ပြီးခပ်ဖွဖွလှုပ်နှိုးနေတဲ့သူ့ကို ပထမဦးဆုံးမြင်ရပါတယ်။ ချောမွေ့ပြေပြစ်ပြီး အဖုအထစ်မရှိစွာကြည်လင်နေတဲ့မျက်နှာကိုမြင်တာနဲ့, ကျွန်တော့်အသိစိတ်မှာ
စိုးရိမ်ကြီးသွားရတယ်။ ညတုန်းကကျွန်တော့်ကိုဖြစ်ပျက်ခဲ့တဲ့အကြောင်းစုံပြောပြပြီး တစ်ညလုံးမျက်ရည်ကျနေခဲ့တဲ့သူ့ပုံရိပ်တွေ မျက်လုံးထဲမျက်ယောင်လာတော့ သူ့ထက်အရင်မနိုးခဲ့တဲ့ကိုယ့်ကိုယ်ကို အပြစ်တင်နေမိတယ်။

ခါတိုင်းနေ့တွေလောက် သွက်လက်တဲ့ဟန်ပန်ကိုမတွေ့ ရပေမယ့် ညတုန်းကလိုငေးမှိုင်နေတာမျိုးလည်းမရှိ။ ဒီတော့မှကျွန်တော်နည်းနည်းလေး စိတ်အေးနိုင်တာ။

"နိုးနေတာ ကြာပြီလား...."

"မကြာသေးပါဘူး အကိုရဲ့ ခုနကပဲနိုးတာ"

"အင်း"

နာရီကိုလှည့်ကြည့်မိတော့မှ၈နာရီခွဲခါနီးပြီ ဖြစ်
ကြောင်းသိရတယ်။ နှစ်ယောက်လုံးအိပ်ယာဝင်နောက်ကျခဲ့ပေမယ့် ဒီပကကျွန်တော့်ထက်အရင်နိုးနေတာလေ။

"ဒီနေ့ အတန်းမတက်ချင် မတက်နဲ့ဦးလေ"

"တက်တော့မတက်ချင်ဘူး ဒါပေမယ့် အဆောင်မှာဆိုလည်းပျင်းစရာကြီး"

"အပြင်လျှောက်သွားကြမလား"

စကားမှားသွားမှန်းသိလိုက်ပေမယ့်ပြင်ဆင်ဖို့အချိန်
လွန်ခဲ့ပြီ။ အပြင်လို့ပြောတာမှန်ပေမယ့် mall မှာတုန်းကအကြောင်းတွေ ပြန်အောက်မေ့သွားလို့နဲ့တူတယ်။ ခဏလောက်၊ စက္ကန့်ပိုင်းလေး,ငြိမ်ကျသွားတယ်။

"အကို့အတန်း လိုက်တက်လေ"

"ဟီး...ကောင်းသားပဲ"

"အိုကေ မျက်နှာသွားသစ်လိုက်မယ်နော် ဘာမှ,မစားရသေးဘူးမလား"

"ကိုချန်းကို စောင့်နေတာ"

"ဟုတ်ပြီ ခဏနော်"

"ဟုတ်"

ကျွန်တော်လည်းရေချိုးကန်ရှိရာအောက်ထပ်ကို ခပ်မြန်မြန်ဆင်းရတော့တယ်။

သူစိမ်း....သို့သော် [သူစိမ်း -၂] [U+Z] (completed)Where stories live. Discover now