၂၀၁၈
သူငယ်ချင်းကြီးကိုနှစ်နဲ့ချီပြီးကြိတ်ချစ်နေတဲ့ကျွန်တော့်အဖြစ်ကိုပြောင်းလဲပေးဖို့အတွက် ဒီပကတော့တိုက်တွန်းနေပြီ။ ချစ်သူအိမ်ရှေ့မှာရည်းစားစကားကိုလက်တန်းပြောရတာ ကဗျာတော့မဆန်ဘူးပေါ့။ဒီပပြောသွားတယ်။ ကဗျာဆန်လို့ရတဲ့အချိန်တုန်းက ကဗျာမဆန်ခဲ့ဘဲတဲ့။
ကိုယ့်ဆီဦးတည်လာနေတဲ့သူငယ်ချင်းလေးက နီးသထက်နီးလာတော့ ဒူးတွေတုန်ပြီးချက်ချင်းယိုင်လဲသွားတော့မလို။ မျက်နှာမှာလဲချွေးပြန်နေလောက်ရောပေါ့။
"နင်အသားတွေထပ်မဲလာပါလား ငချမ်း"
သူကျီစယ်တာကိုလဲကျွန်တော်မရယ်နိုင်တော့ပါဘူး။ ပြောရမယ့်စကားတွေကိုဘယ်ကနေဘယ်လို
စပြောရကောင်းမလဲ တစ်ကိုယ်တည်းစဉ်းစားခန်းထုတ်နေခဲ့တာ။ အရင်အခေါက်တွေတုန်းကလို လက်လျော့လိုက်ဖို့စိတ်ရဲ့တစ်ဖက်ခြမ်းက လှုံ့ဆော်နေတယ်။ တစ်ဖက်မှာလဲ ဒီပပြောသွားတဲ့စကားတွေကို ပြန်ရွတ်ပြနေတယ်။ ကျွန်တော်ဘာလုပ်ရမလဲ။"ဒီတစ်ခေါက်မှမပြောရင်လဲ ကိုချန်းနောက်တစ်ခါကျန်ရစ်ဖို့ပဲရှိတာနော်" တဲ့။ဒီပရဲ့အဲဒီစကားတစ်ခွန်းကတော့ ကျွန်တော့်ကိုခြောက်လှန့်နိုင်လွန်းတယ်။ စုမွန်ကိုတိတ်တိတ်လေးချစ်နေရက် ဝဏ္ဏနောက်ပါသွားတဲ့အချိန်ကို ကျွန်တော်ဘယ်မေ့နိုင်ပါ့မလဲ။ ပြန်တွေးကြည့်ရင် အခုနေ ရှစ်တန်းကျောင်းသားဘဝကိုပြန်ရောက်သွားသလို။ ကျန်ရစ်သူခံစားချက်ကို အသစ်ပြန်ခံစားရတယ်လေ။
ကျွန်တော်ရဲရင့်မှဖြစ်မယ်။ သူငယ်ချင်းသံယောဇဉ်ပျက်စီးသွားမလားဆိုတဲ့ စိုးရိမ်လွန်အတွေးတွေ ကျွန်တော်မေ့ပစ်ရမယ်။ ၇နှစ်တာ ၈နှစ်နီးပါးအချစ်တွေကို ကျွန်တော်ဖွင့်ပြသင့်ပြီမဟုတ်လား။
"စုမွန် ငါနင့်ကိုပြောစရာရှိတယ်"
"ပြောစရာရှိတာများ စကားပလ္လင်တွေခံနေရတယ်လို့ငချမ်းရယ် ကဲပြော"
"ငါ ငါ "
စူးရှတဲ့ချစ်သူရဲ့မျက်လုံးကို စက္ကန့်ပိုင်းလောက်လေးရှောင်လွှဲပြီးအားယူမယ့်အချိန်မှာ တစ်ဖက်ခြံရှေ့ကိုထွက်လာတဲ့ဝဏ္ဏကို ကျွန်တော်သတိထားမိလိုက်တယ်။ နောက်ပြီး လွန်ခဲ့တဲ့ရက်ပိုင်းက ဒီပကိုပိုးပန်းမယ်လို့ကိုယ်ကိုယ်တိုင် ဝဏ္ဏကိုကြေငြာခဲ့တဲ့အကြောင်းကိုကျွန်တော် သတိရသွားတယ်။
YOU ARE READING
သူစိမ်း....သို့သော် [သူစိမ်း -၂] [U+Z] (completed)