( flashback)
လွန်ခဲ့သော နှစ်နှစ် - ၂၀၁၆
အတန်းခေါင်းဆောင်အလုပ်ဟာ အားကြီးစိတ်ညစ်စရာကောင်းတယ်။ နာမည်ကြားလို့ အခန်းမော်နီတာက အတန်းပိုင်ဆရာပြီးရင် ဩဇာညောင်းမယ်မထင်နဲ့။ ဩဇာမညောင်းရုံမကဘူး၊ အတန်းပိုင်နဲ့အတိုင်းသားကြားမှာ ကြားညှပ်ရတာချည်းပဲ။ အခုအဖြစ်ကိုပဲကြည့်။ ဒီဇင်ဘာကျောင်းပိတ်ရက်ကျရင်မုဒုံဘက်ဘုရားဖူးသွားဖို့ ဆရာမပိုက်ဆံကောက်ခိုင်းလိုက်တာ အခုထိလူစုံမရဘူး။ သွားတော့မှ အများကြီးပုံပေးရတာမျိုးမဖြစ်ရအောင် ဆရာမကတော့ပထမနှစ်ဝက်မဖြေခင်ထဲက တစ်ပတ်ကိုမုန့်ဖိုး နှစ်ရာစုခိုင်းခဲ့တာ။ အခုသွားတော့မယ့်အချိန်နီးလို့တောင် ပိုက်ဆံမပြည့်ဘူး။ အပတ်တိုင်းမှန်မှန်ထည့်တဲ့လူဆိုတာ လက်ချိုးရေလို့ရတယ်။
"မေ့သွားလို့၊နောက်တစ်ပတ်ပေါင်းပေးမယ်"ဆိုတဲ့သူကတစ်စု၊ "လကုန်ရင်တစ်လစာအပြင်နှစ်ရာပါအပိုဆောင်းပြီးတစ်ထောင်ပေးမယ်"ပြောတဲ့သူကတစ်အုပ်၊"နောက်အပတ်ထိမင်းကိုမစောင့်ခိုင်းဘူး၊ညနေကျောင်းဆင်းတာနဲ့ပေးမယ်"ဆိုပြီးလေလုံးနဲ့ပေးတဲ့လူက တစ်ဖွဲ့။ ဂျင်တန်(ပီပီလုံး)ဗူးတွေသာတစ်ဗူးပြီးတစ်ဗူး စားမယ်၊ ဘီကေသာ တစ်တောင့်ပြီးတစ်တောင့် ဝါးမယ်၊ ရည်းစာစာရေးဖို့ပန်းရောင်စာအိတ်တွေသာ တစ်ခုပြီးတစ်ခုဝယ်မယ်၊ ဒီနှစ်ရာလေးပေးဖို့ဆို လက်တွန့်တာကခပ်များများ။ မလွယ်ဘူး။
လူနဲ့နာမည်စာရင်းတိုက်ပြီး ဘယ်လောက်ပေးရမလဲပြောရင်
"ငါ တစ်ပတ်စာပဲပေးရသေးတာလား မဖြစ်နိုင်ဘူးနော် ဟဲ့" ဆိုပြီးကိုယ်ကပဲ စာရင်းလိမ်ရေးနေသလိုလိုအထင်ခံရအောင်ပြောတဲ့အတန်းသားရှိတယ်။"ငါ အရင်အပတ်ကပေးတယ်လေ၊နင်အမှန်မခြစ်ထားဘူးလား"ဆိုပြီး ဒီငွေလေး,လေးငါးရာနဲ့မယုံချင်တဲ့အတန်းဖော်တွေလည်းရှိတယ်။
"သားရီး ငါ့အစားမင်းခဏလောက်စိုက်ထားလိုက်၊ညနေကျောင်းဆင်းရင်အိမ်ခေါ်ပြီးပေးမယ်"၊ ဒီလို
ရှစ်တန်းကျောင်းသားကိုဘီလီယံနာသူဌေးမှတ်တဲ့ကောင်တွေလည်းမရှားဘူး။
YOU ARE READING
သူစိမ်း....သို့သော် [သူစိမ်း -၂] [U+Z] (completed)