ချန်းခင်(၁)

1.6K 81 1
                                    

( flashback )

လွန်ခဲ့သောကိုးနှစ် - ၂၀၀၉

သမာရိုးကျဆောင်းတစ်နေ့

တနင်္လာနေ့ဆိုတဲ့အတိုင်းသူတို့ကျောင်းဝင်းကြီးကရယ်မောသံ၊ပြေးလွှားသံ၊စကားသံတို့နဲ့အသက်ဝင်လို့။အသံပေါင်းများစွာရောလျှက်ဆူညံနေသည့်ကြားကငိုသံတစ်သံမှာချန်းရဲ့အာရုံကိုဖမ်းစားတယ်။

ကျောင်းကိုဝင်ဝင်ချင်းဦးဆုံးတွေ့ရမယ့်မလေးရှားပိတောက်ပင်တစ်ပင်ရဲ့အောက်၊မြူးထူးနေတဲ့လှုပ်ရှားမှုများနဲ့ဆန့်ကျင်ပြီး ကလေးလေးတစ်ယောက်ငိုနေလို့။

"ကလေး ဘာဖြစ်လို့လဲ"

ပထမတော့ကောင်လေးကသူ့ကိုမကြည့်။ဒုတိယအကြိမ်မေးတော့လည်းခေါင်းကိုငုံ့ထားဆဲ။တစ်အောင့်ကြာတော့မှမျက်လုံးဝိုင်းဝိုင်းလေးတွေကသူ့ကိုမော့ကြည့်ဖော်ရတယ်။

"အိမ်"

ကလေး၏အသံမှာခပ်တိုးတိုး၊ခပ်ပါးပါး။ဘယ်နှစ်တန်းရောက်ပြီလဲမေးတော့လည်းတိုတိုတုတ်တုတ်သာဖြေတာပဲ။

"တစ်တန်း"

မချော့တတ်ချော့တတ်နဲ့ကလေးကိုချော့ပြီး သူ့စာသင်ခန်းထဲလိုက်ပို့လိုက်တယ်။အဲဒီမှာ ဘဝရဲ့အရေးပါလာမယ့်လူတစ်ယောက်ကို သူဆုံခွင့်ရခဲ့ပါတယ်။သူမက,ကောင်လေးရဲ့အစ်မတဲ့လေ။စာသင်နှစ်သာတူပြီးတန်းခွဲမတူတဲ့သူမနဲ့အရင်ကမရင်းနှီးခဲ့ပေမယ့်အဲဒီနေ့ကပဲ သူတို့နှစ်ယောက်က်ိုအခင်ဆုံးသူငယ်ချင်းတွေဖြစ်စေဖို့အစပြုပေးခဲ့တာပါ။

***

နောက်ထပ်ဒီဇင်ဘာနေ့တစ်နေ့။

ကျောင်းထဲကိုဝင်ဝင်ချင်းပိတောက်ပင်အောက်ကိုသူသတိတရကြည့်ဖြစ်တယ်။တစ်နေ့က,ကလေးကိုပဲပြန်တွေ့တယ်။ဒီတစ်ခါတော့ငိုနေတာမဟုတ်တော့။

"ဟိတ်"

ကန်းစွန်းဥမုန့်လုံးကြော်တွေကိုပါးစပ်သေးသေးလေးနဲ့အလျင်စလိုစားနေရာကသူ့ကိုကြည့်တာပဲ။

"ဒီနေ့မငိုတော့ဘူးလား"

ဒီတစ်ခါဟိုနေ့ကလိုခေါင်းငုံ့လျက်မဟုတ်တော့ဘဲ
အသံမှာလည်းတက်ကြွနေလျက် သူ့ကိုလည်းအသေအချာကြည့်ပြီးတော့

သူစိမ်း....သို့သော် [သူစိမ်း -၂] [U+Z] (completed)Where stories live. Discover now