ညကတော်ရုံအိပ်မပျော်ခဲ့ဘူး။ရှေ့တစ်ညက,
ဝဝလင်လင်အိပ်ထားရလို့လား၊ဒါမှမဟုတ်ဘေးမှာချစ်ရသူလေးရှိနေလို့အိပ်မပျော်တာပဲလား၊ကျွန်တော်မသိဘူး။ တော်လိုက်ရတဲ့အသစ်စက်စက်ကောင်လေးကတော့လှလှလေးအိပ်နေတာပဲ။ဒီလိုအိပ်စက်ပုံမျိုးဟာရုပ်ရှင်တွေထဲမှာသာရှိလိမ့်မယ်။ဟောက်သံလို့ပြောလို့ရနိုင်မယ့်အသံဆိုလို့နည်းနည်းမှတောင်မပါဘဲ၊ဖြည်းဖြည်းမှန်မှန်အသက်ရှုနေသံကိုပဲကြားနေရတာလေ။ဒီပရဲ့အသက်ရှုသံက ကျွန်
တော့်နားထဲမှာသာသာယာယာရှိချင်တဲ့ပုံပါ။အကဲပိုလွန်းတာဖြစ်နေမလား။ဒီပကိုကျွန်တော်မင်မင်သတ်သတ်လေးစိုက်ကြည့်နေတာအချိန်ဘယ်လောက်ကြာခဲ့ပြီလဲ။ကြာတော့ကြာမှာပဲ။တိုင်ကပ်နာရီကတော့၇နာရီ၁၀မိနစ်မှာလက်တံကပ်လို့နေပြီ။အဖေတို့နိုးနေပါပြီ။ဒါပေမယ့်ဧည့်ခန်းမှာကျွန်တော်တို့အိပ်နေတာဖြစ်တဲ့အတွက် အိမ်ရှေ့တံခါးနှစ်ခုမှာမှ ကျွန်တော်တို့အိပ်ယာနဲ့တည့်တည့်ဖြစ်နေတဲ့တံခါးကိုဒီအတိုင်းပိတ်ထားပြီး ခြေရင်းမှာကျနေတဲ့တံခါးကိုသာဖွင့်ထားတယ်။ဒါကိုတောင် လူသူဝင်ထွက်နိုင်ရုံတံခါးချပ်နှစ်ချပ်စာပဲ ဖွင့်ထားတာ။
ဟိုဘက်အိမ်မှာတော့မနေ့ညကထက်တောင်လူသံစကားသံပိုညံနေလို့ပေါ့။ညနေဆိုရင်စုမွန်ရဲ့မင်္ဂလာဆောင်အတွက်ပထမဆုံးသောဧည့်ခံပွဲကိုကျင်းပတော့မှာ။များသောအားဖြင့် ရေခဲမုန့်နဲ့အချိုပွဲသာတည်ခင်းဧည့်ခံတဲ့ဒီတစ်ပွဲဟာ အနောက်
တိုင်းနည်းနည်းဆန်တယ်ပြောရမလား။ လာရောက်ချီးမွမ်းကြမယ့်ဧည့်သည်တွေဟာလည်း လူငယ်အများစုနဲ့လူကြီးအနည်းငယ်လောက်ပဲရှိလိမ့်မယ်။ အကျွေးအမွေးကပဲအနောက်တိုင်းဆန်တာမဟုတ်၊ သတို့သားသတို့သမီးကလည်းဘိုဆန်တယ်။ဒီည
နေပွဲမှာမင်္ဂလာမောင်နှံနှစ်ဦးဝတ်လေ့ရှိကြတာက အနောက်တိုင်းသားဝတ်စုံတွေမဟုတ်လားလေ။ငယ်သူငယ်ချင်းလေးရဲ့မင်္လာဝတ်စုံအကြောင်းစဉ်းစားမိတဲ့အချိန်မှာ ဒီပရုပ်သွင်ကကျွန်တော့်စိတ်ထဲမှာပေါ်လာတာပဲ။ပြီးတော့ ကျွန်တော်ကိုယ်တိုင်ရဲ့ပုံရိပ်ရောပေါ့။အဲဒီအခါကျရင် ကျွန်တော်တို့နှစ်ယောက်လုံးယောက်ျားသားတွေဖြစ်နေပြီး အနောက်
တိုင်း suit ကိုနှစ်ယောက်လုံးဝတ်ထားကြမှာဖြစ်တဲ့အတွက်မြင်တဲ့လူတွေရဲ့အာရုံမှာဆန်းနေလိမ့်
မလား။ တစ်မျိုးမြင်ကြထင်ကြမှာလား။ ကျွန်တော်အဲဒါတွေကိုဂရုစိုက်မိတော့မယ်မထင်ဘူး။ အဲဒီအစားကျွန်တော့်ဘေးမှာယှဉ်ပြီးရပ်နေမယ့်သူ
ကသာ ကျွန်တော့်အာရုံကိုဖမ်းစားထားမှာပါ။
ဒါက,သေချာတယ်။
ESTÁS LEYENDO
သူစိမ်း....သို့သော် [သူစိမ်း -၂] [U+Z] (completed)