ချန်းခင် (၁၃)

260 33 52
                                    

ဗုဒ္ဓဟူး

"ကိုချန်းက ပိုခံလိုက်ရတယ်လို့ဗျာ"

"ဘာ...ခွေးကောင်လေး...အကိုကို ဒီလိုပဲပြောတယ်ပေါ့လေ"

"ကျနော်က စတာကို ဟီး"

"ဖြေးဖြေးလုပ်ပါ ဒီပရာ, နာတယ်ကွ"

စကားထဲအားပါရုံတင်မကဘူး၊ခွေးကလေးက မျက်
နှာကိုရေခဲကပ်ပေးနေတဲ့လက်မှာပါ‎အားထည့်လိုက်တာ။

"ဆောရီး ဆောရီး ဟီး"

ကျွန်တော်နဲ့ဝဏ္ဏတို့ရဲ့ရန်ပွဲအကြောင်းကြားပြီး တစ်ချိန်လုံးသူ့ကိုယ်သူအပြစ်တင်နေမှာကို ကျွန်တော်အစိုးရိမ်ခဲ့ဆုံးပဲ။ဖြစ်နိုင်ရင်အဆောင်ကတစ်ခြားတစ်ယောက်နဲ့ စကားများပြီးထိုးကြိတ်တဲ့အထိဖြစ်သွားတာဆိုပြီးညာလိုက်ချင်တာ။ ဒါပေမယ့်အမှန်တရားကတစ်ချိန်ချိန်ထွက်လာမှာကိုကြိုသိနေလို့
မညာဖြစ်‎တော့။

ဘာအကြောင်းကိုမှသူမသိအောင်ထိန်ချန်မထားချင်ဘူး။ အခုအချိန်ထိသူ့ကိုမပြောပြရသေးတဲ့ကိစ္စတစ်ခုကလွဲရင်ပေါ့လေ။ဒါကိုလည်း မြန်နိုင်သမျှအမြန်ဆုံး ပြောဖို့ကျွန်တော်အားယူနေတာပဲ။ ဒါပေမယ့်ခက်နေတာက ကျွန်တော့်ညီလေးမျက်နှာညှိုးသွားမှာ၊ကျွန်တော့်ကြောင့်မှိုင်တွေ,သွားမှာကိုမဖြစ်စေချင်ဘူးလေ။ဒီတော့လည်းကိုယ့်ခံစားချက်ကိုရင်ထဲမှာပဲသိမ်းထားရတာပေါ့။

ရန်ပွဲအကြောင်း,သိပြီးသူ့ကိုသူအပြစ်တင်တာမျိုး
မလုပ်တာတော့မဟုတ်ဘူး၊လုပ်တယ်။ဒါပေမယ့်အခုလိုလူကြီးကိုစနောက်နေတဲ့ပုံစံမြင်ရရင် ရလာတဲ့ထိုးရာကြိတ်ရာတောင်တန်သွားသလိုပဲ။ ရူးကြောင်ကြောင်များဖြစ်နေမလား။

"တကယ်ပြောတာ အကိုနိုင်ခဲ့တယ် မဟုတ်လား"

"ထင်တာပဲ"

"ဘာထင်တာပဲလဲ နိုင်ရင်နိုင်တယ်ပေါ့"

"အေး နိုင်တယ်ကွာ အဲ့ကောင်သုံးလေးရက်လောက်ထမင်းကောင်းကောင်းစားရမှာမဟုတ်ဘူး"

ကျွန်တော်လည်းဘာထူးလဲ၊ထားပါ။ဒီပဆီကဂရုစိုက်ပေးမှုတွေရနေတာနဲ့ အနာတရဖြစ်ခဲ့တာကိုတောင် ကျေနပ်ရသလိုလို။

သူစိမ်း....သို့သော် [သူစိမ်း -၂] [U+Z] (completed)Où les histoires vivent. Découvrez maintenant