6

14.5K 2K 169
                                    

" သခင် Qing က Nie မိသားစုဝင်တစ်ယောက် လိုပဲလေ။ မင်းရဲ့ ကျေးဇူးရှင်လို့တောင် ပြောလို့ရတယ်။ မင်းသူ့ကို ဘယ်လိုလုပ် ဒီလိုဆက်ဆံရဲရတာလဲ။ " Nie Songping က ရှေးရိုးစွဲသော ယောက်ျားတစ်ယောက်ပင်။ သူ ဒီဓာတ်ပုံများကို တွေ့စဉ်က Nie Chenyuan ကိုပင် လည်ပင်းညှစ်ချင်မိသည်။ သူက သူ့မြေးကို ဝက်ဝံကြီးမှန်း သိသော်လည်း ဤအတိုင်းအတာထိ ဝက်ဝံဆန်မှန်း မသိခဲ့ပေ။ (ဝက်ဝံဆန် = ပြဿနာရှာ)

" ကျွန်တော်သိပါတယ်။ "Nie Chenyuan က ခိုင်ခိုင်မာမာ ပြောလိုက်သည်။ " ကျွန်တော်က တကယ်သူ့ကို ရဖို့ ကြိုးစားလိုက်နေတုန်းပါ။ အဖိုးကသာ ပြဿနာ မရှာပါနဲ့။ "

"လိုက်နေတာလား။ " Nie Songping က ကြောင်သွားသည်။ Nie Chenyuan က ထိုအချိန်တွင် လက်ထဲ၌ ဓာတ်ပုံများကို သယ်ပြီး ထွက်ပြေးသွားပြီ ဖြစ်သည်။

Nie Chenyuan က သူ့အခန်းကို ပြန်သွားပြီး ဓာတ်ပုံထဲမှ ခြေချင်းဝတ်ဖြူဖြူလေးကို စိတ်မထိန်းနိုင်ဘဲ နှစ်ခါနမ်းပြီး အမှောင်ခန်းထဲ၌ သိမ်းထားလိုက်သည်။

Nie Chenyuan က Nie Songping ကို ပြောခဲ့သည့်အတိုင်းပင် သူ Qing Yun ကို လိုက်နေသည်မှာ ၂ နှစ်ခန့်ရှိပြီဖြစ်သည်။

ဒီ ၃နှစ်အတွင်း သူက Qing Yun အလှတိုးပြီး လျှမ်းလျှမ်းတောက်လာတာကို စောင့်ကြည့်နေရင်း သူစိတ်လှုပ်ရှားခဲ့ရသည်။ Nie မိသားစုထဲတွင် သူ့ အဖိုးမှလွဲ၍ အားလုံး သိနေကြသည်။

မဟုတ်သေး။ အခြားတစ်ယောက် ရှိသေးသည်။

ဓာတ်ပုံများကို စီနေသော Nie Chenyuan ၏ လက်များရပ်တန့်သွားပြီး သူ့မျက်လုံးများထဲတွင် စိတ်ဓာတ်ကျနေပုံ ပေါ်လာသည်။ သူ ဖြားယောင်းနေသော သူကလည်း သိမည့်ပုံ မပေါ်ပေ။

*********

စာသင်ခန်းထဲတွင်

ရှေ့မှလူများ၏ နောက်ကျောများက ကွယ်နေသဖြင့် Nie Chenyuan လက်ဆန့်တန်းလိုက်တာကို ကွယ်ထားသည်။ Qing Yun က ညှင်းညှင်းရယ်လိုက်သည်။ " ဘာလဲ။ ဒီတစ်ခါကော ဘာပစ္စည်းလဲ ။ "

Nie Chenyuan က အရှေ့မှ လက်ကို ရွေ့လိုက်ကာ လက်ဖြန့်လိုက်သောအခါ လှပသော စက်ရုပ်လေးကို တွေ့လိုက်ရသည်။ Qing Yun က ဒီတစ်လော စက်ပစ္စည်းများကို ပိုမိုစိတ်ဝင်စားနေသည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now