134 (Arc 10)

14.5K 1.4K 53
                                    

အမှန်တကယ်တွေ့ဆုံမှုက တစ်မိနစ်ပင်မကြာခဲ့ပေ။ ချင်ယွင်မှာ ထိုယောက်ျား၏ ခန္ဓာကိုယ်ကို တွေ့ရ၍ပျော်ရွှင်နေရာမှ ချစ်သူပျောက်ကွယ်သွားသည်အား မြင်လိုက်ရသောကြောင့် ပူဆွေးရတော့သည်။

ကိုယ်ခန္ဓာ သေဆုံးသွားပါက စိတ်ဝိညာဉ်ကျန်ရစ်နိုင်သေးသော်လည်း စိတ်ဝိညာဉ် ပျက်ပြားသွားပါက တကယ်ကိုအဆုံးသတ်သွားခြင်းပင်။

"မဖြစ်နိုင်ဘူး။ ဒါမဖြစ်နိုင်ဘူး။" ချင်းယွင်၏ သူငယ်အိမ်များ အနည်းငယ်ကျဉ်းသွားသည်။ ထိုယောက်ျား ပျောက်ကွယ်သွားချိန်တွင် သူကဧရာမစိတ်ဝိညာဉ်အား ဖွင့်ဟလိုက်ကာ ထိုယောက်ျား၏ ပျက်ပြားသွားသော စိတ်ဝိညာဉ်မှ သလင်းကြည်အလင်းရောင်ကို ကမန်းကတန်းစုပ်ယူခဲ့သည်။

သို့သော် ဤတလက်လက် စွမ်းအင်အနည်းငယ်က ပျောက်သွားလျှင်ပျောက်သွား၊ သို့မဟုတ် သူ၏စိတ်ဝိညာဉ်ထဲသို့ ရောလျှင်ရောသွားကြသည်။ သူ၏အားထုတ်မှုအားလုံးက အလဟဿဖြစ်သွားသည်မှာ ရှင်းနေသည်။

အရာအားလုံး ပျောက်ကွယ်သွားသည်ကိုကြည့်ရင်း ချင်းယွင်၏ အေးစက်နေတတ်သောမျက်နှာ၌ လွန်ကဲသောစိတ်ရှုပ်ထွေးမှုပေါ်လာသည်။ အဘယ့်ကြောင့်ဆိုသော် နှစ်သောင်းချီရှင်သန်ကာ နာကျင်မှုမျိုးစုံကို ခံစားရပြီးနောက် ထူးဆန်းသောဤပူဆွေးမှုကို မည်သို့ရင်ဆိုင်ရမည်မှန်း သူမသိချေ။

"အရူး၊ ခင်ဗျားဒီ့ထက်ပိုပြီး အရူးထနိုင်သေးလား။"

ဘာကြောင့်လဲ။ ထိုယောက်ျား၏ စိတ်ဝိညာဉ်မှ စွမ်းအင်က သူ၏ခန္ဓာကိုယ်ထဲသို့ ဘာကြောင့်လာရောသွားသနည်း။ ကောင်းကင်ဘုံကျင့်ကြံသူထံမှ သူရလာသောစွမ်းအင်ကို ထိုယောက်ျားက ဘာကြောင့်မစုပ်ယူချင်သနည်း။

ထိုယောက်ျား၏ လျှို့ဝှက်သောအနေအထားနှင့်အတူ မေးခွန်းအမျိုးမျိုး ပေါ်လာသော်လည်း ၎င်းတို့အားလုံးမှာ ချင်းယွင်၏စိတ်ထဲသို့မဝင်ရောက်နိုင်ပေ။ ထိုယောက်ျားက မည်သူပင်ဖြစ်စေ ၊ ကောင်းကင်ဘုံကျင့်ကြံသူနှင့် မည်သို့ပက်သက်နေသည်ဖြစ်စေ၊ ၎င်းသည်သူ၏လူဖြစ်ကြောင်းကိုသာ သူသိသည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now