67

8K 1.4K 166
                                    

အေဟတ်က မိသားစုဆရာဝန်မလာခင် သူ့ညွှန်ကြားချက်အတိုင်း ရှန်မင်းရယ်ကိုယ်ပူကျစေရန် ပုဝါအစိုတစ်ထည် ယူလိုက်သည်။

ထိုယောက်ျား သူ့ဘက်သို့လျှောက်လာသည်ကို တွေ့သောအခါ ချင်းယွင်က ခေါင်းအုံးပေါ်မျက်နှာပွတ်သပ်လိုက်ပြီး ကြည်လင်ကာအမူအရာမဲ့နေသော်လည်း စိုးရိမ်ပူပန်မှုများလျှံကျနေသည့် စက်ရုပ်မျက်ဝန်းတစ်စုံကို လေ့လာနေသည်။

အေဟတ်အနားကပ်လာသောအခါ လူငယ်လေး၏ ကြေကွဲဖွယ်ရာ အသံလေးကို ကြားလိုက်ရသည်။ "ခင်ဗျားကို အရမ်းလွမ်းနေတာ။ "

အေဟတ် ခဲတောင့်သွားသည်။ လျှပ်စစ်ဓာတ်တစ်ခုက သူ့စိတ်ဝိညာဉ်ကို လာထိကာ သူ့အကြည့်များ ပြန်မဲမှောင်သွားသည်။

လူငယ်လေးရဲ့ စကားတွေက သူ့ကိုရည်ညွှန်းတာလား။ ဒါမှမဟုတ် ဖုန်းဖေ့မင်နဲ့ သူ့ကိုမှားနေတာလား။

ထိုယောက်ျား၏ အကြည့်ထဲတွင် နက်ရှိုင်းသော ဝမ်းနည်းမှုကို ဖော်ပြထားသော်လည်း အောက်ခြေတွင် အရှိန်အဟုန်ဖြင့် ခံစားချက်မြင့်တက်လာသည်။ ယိုဒါပဲဖြစ်ဖြစ်၊ ဖုန်းဖေ့မင်ပဲဖြစ်ဖြစ် စောက်အရေးမပါတာတွေ ထွက်သွားစမ်းပါ။

ဒီလူငယ်လေးက သူ့အပိုင်ပဲ။ သူတစ်ယောက်ထဲရဲ့ အပိုင်ဖြစ်ရမှာ။

သူ့နှလုံးသားထဲဖြစ်ပေါ်နေသည့် ပြင်းထန်သောအတွေးများနှင့် ဆန့်ကျင်ဘက်ပင် အေဟတ်၏ လက်လှုပ်ရှားမှုများက ညင်သာသည်။ သူက ပုဝါတစ်ထည်ကို ချင်းယွင်၏ နှဖူးပေါ်တင်ပေးထားလိုက်ပြီး သူ့လက်ချောင်းများက လူငယ်လေး၏ တစ်ဝက်ဟနေသော ကြယ်သီးကိုထိနေသည်။ ထို့နောက် တစ်စုံတစ်ခုကို ရုတ်တရက်တွေးမိသွားသဖြင့် ပုဝါတစ်ထည်ရှာကာ သူ့ခေါင်းသူပြန်ပတ်ထားလိုက်သည်။

စက်ရုပ်၏ ခေါင်းအရှေ့နှင့် အနောက်တွင် ကင်မရာများရှိပြီး ဖုန်းဖေ့မင်က အိမ်အကူကေပေါ်မှ စောင့်ကြည့်ထားမှုများကို ပုံမှန်စစ်ဆေးလေ့ရှိသည်။ မည်သို့ပင်ဆိုစေ အေဟတ်က အခြားသူများကို ရှန်မင်းရယ်၏ဆံပင်တစ်မျှင်မျှပင် မြင်ခွင့်မပြုနိုင်ပေ။

ချင်းယွင်က ထိုယောက်ျား သူ့အကျီကြယ်သီးအား ဖြုတ်နေခြင်းကို မခုခံပေ။ သူက သူ့ကိုယ်ပိုင်ခံစားချက်များကို ယုံကြည်သည်။ ဤစက်ရုပ်ထဲ နေရာယူထားသူသည် 'သူ' ဖြစ်သည်။ ကမ္ဘာများစွာ ဖြတ်လာပြီးနောက် သူနှင့်ဘဝတိုင်း ငြိတတ်သော ထိုယောက်ျားနှင့်ရင်းနှီးနေသည်။ သူထိုရူးကြောင်ကြောင်နည်းလမ်းဖြင့်သာ ဆက်မှတ်မိနေမည်ဆိုလျှင် သူရူးနေတာသာဖြစ်လိမ့်မည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now