77 (Arc 7)

14.2K 1.6K 101
                                    

ဤတစ်ကြိမ်တွင် လှပသောစိတ်ကူးယဉ် နတ်သမီးပုံပြင်မှာ ရှာဖွေဖော်ထုတ်ခံလိုက်ရသည်။ အေဟတ်နှင့် ရှန်မင်းရယ်ကြားမှပက်သက်မှုအား အရောင်တစ်မျိုးဖြင့်ကြည့်ကြသော လူများမှာ မျက်နှာအရိုက်ခံလိုက်ရသည်။

အကြောင်းရင်းမှာ အေဟတ်က ရှန်မင်းရယ်အား အယ်မွန်တစ်မိသားစုလုံးကို လက်ထပ်လက်ဆောင်အဖြစ် တကယ်ပေးခဲ့သည်။ သူ့နာမည်အောက်မှ ဝေစုများ၊ ပိုင်ဆိုင်မှုများအားလုံး ရှန်မင်းရယ်၏နာမည်သို့ ပြောင်းသွားသည်။

ရှန်မင်းရယ်က ညတွင်းချင်းပင် တစ်ကမ္ဘာလုံး၌ အချမ်းသာဆုံးလူဖြစ်သွားသည်။

လက်ထပ်ပွဲနေ့မှ မြင်ကွင်းမှာ အလွန်အံ့ဩဖွယ်ရာကောင်းသည်။ အေဟတ်တွင် မမျှော်လင့်ဘဲရထားသော ယိုဒါဟူသည့် သားရှိသော်လည်း သူနှင့်ပက်သက်၍ ကောလဟာလများမရှိပေ။ သူ၏ အချစ်ရေးမှာ အမြဲဗလာဖြစ်နေခဲ့သည်။

မမျှော်လင့်ထားစွာဖြင့် ယခုအကြိမ်သတင်းမှာ သူ့လက်ထပ်ပွဲ ဖြစ်နေသည်။

လက်ထပ်ပွဲနေ့တွင် အရှက်အရဆုံး၊ အသည်းကွဲဆုံးတစ်ယောက်မှာ ယိုဒါဖြစ်သည်။ သူက တံခါးရှေ့တွင် ရပ်ကာ ဧည့်သည်အားလုံး၏ ဂုဏ်ပြုမှုအား လက်ခံနေရသော်လည်း သတိုးသားမှာ သူမဟုတ်ပေ။

အေဟတ်နှင့်ဘေးချင်းယှဉ်ရပ်နေသော လူငယ်လေးအား ယိုဒါခေါင်းလှည့်ကြည့်လိုက်သည်။ သူက စင်ကြယ်သော အဖြူရောင်ဝတ်စုံဝတ်ထားကာ ဖုန်းဖေ့မင်ကြောင့် ခံစားခဲ့ရသော ယခင်ပျက်စီးမှုများ ပျောက်ကွယ်သွားသည့်ပုံပေါ်သည်။ နောက်ဆုံးတွင်တော့ လူငယ်လေး၏ မျက်နှာပေါ်၌တောက်ပသော အပြုံးတစ်ခု ပြန်ပေါ်လာပြီဖြစ်သည်။

သူအေဟတ်အား ကြည့်သော အကြည့်တိုင်းတွင် နူးညံ့သောချစ်ခြင်းများ ပြည့်နေသည်။

ယနေ့တွင် ရှန်မင်းရယ်က တကယ်ကို နတ်သားတစ်ပါးနှင့် တူနေသည်။

အေဟတ်ထံမှာ တင်းတင်းကြပ်ကြပ် အဖက်ခံထားရသော လူငယ်လေး၏ခါးအား သူ့အကြည့်ရွှေ့မိသည်။ ယိုဒါ နာကျင်စွာ အကြည့်လွှဲလိုက်ရသည်။ ရှန်မင်းရယ်က ဘယ်တော့မှ သူ့အပိုင်ဖြစ်လာမည်မဟုတ်ဘဲ သူတို့နှစ်ယောက်ကြားတွင်ပင် အနေအထားကွာဟမှုရှိနေသည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now