126

7.9K 1.4K 72
                                    

ချင်းယွင်က လက်ထဲမှတယောအား ချကာ အိပ်ခန်းဆီသို့တန်းလျှောက်သွားသည်။

သူအိပ်ခန်းတံခါးအား မဖွင့်ရသေးစဉ်မှာပင် ဒေါသထွက်နေသောယောက်ျားက ထွက်လာသည်။ သူကချင်းယွင်အားတွေ့သည်နှင့် စစ်ဆေးနေသကဲ့သို့ ငေးကြည့်ကာ ပေကတ်ကတ်ဖြင့်မေးသည်။ "မင်း ဘယ်ရောက်နေတာလဲ။"

ထိုလူ၏အသွင်အပြင်ကြောင့် လုံးဝမကြောက်လန့်သွားသောချင်းယွင်က ဂျက်ကတ်အားဇစ်ဖြေကာ ပြန်ပြောလိုက်သည်။ "ရှန်မိသားစုဆီပြန်သွားတာလေ။ ကျွန်တော် ခင်ဗျားကို စာပို့ခဲ့တယ်မဟုတ်လား။"

"မင်း ဘယ်သွားတာ.." သို့သော်ထိုယောက်ျားက သူ၏အဖြေကိုလုံးဝနားမဝင်သည့်ပုံပင်။ သူကစိတ်ထဲမှ အတွေးများကြားတွင်သာ ရောထွေးနေပြီး ခုနကစကားများကိုပင် လက်မလျှော့ပဲ ထပ်မေးသည်။

ထိုယောက်ျား၏ ဤသို့သောအခြေအနေကို တွေ့သောအခါ ချင်းယွင်သက်ပြင်းခိုးချမိသည်။ သူအနားတိုးသွားကာ ထိုယောက်ျား၏လည်ပင်းအား ဖက်လိုက်ပြီး မေးသည်။ "ဘာဖြစ်လို့လဲ။ ခင်ဗျားကျွန်တော့်ကို လွမ်းနေတာလား။"

ဤသို့ပြောပြီးသောအခါ ချင်းယွင်က ထိုယောက်ျား၏ ခေါင်းအနောက်ဖက်ကိုကိုင်ကာ နှုတ်ခမ်းများအား ခပ်ဖွဖွနမ်းလိုက်သည်။

နှုတ်ခမ်းပေါ်မှ အထိအတွေ့ကြောင့် ဝေ့ချန်းရှုမှင်တက်သွားသည်။ သို့သော် သူသတိပြန်ဝင်လာသောအခါ ချင်းယွင်ဘယ်ရောက်နေခဲ့သည်ကိုသာ မရပ်မနားမေးနေသည်။ သူ၏စိတ်ဝိညာဉ်၌ ပုန်းကွယ်နေပြီး အလွန်စိတ်သောကပေးသော မေးခွန်းတစ်ခုကို မေးနေပုံပင်။

ပေကတ်ကတ်ကလေးတစ်ယောက်နှင့်တူနေသော ယောက်ျားအားကြည့်နေရင်း ဘာကြောင့်နှလုံးအောင့်လာကာ အလိုလိုက်ချင်လာမှန်း ချင်းယွင်မသိပေ။ သူထိုယောက်ျား၏ အမေးအား စကားဖြင့်ပြန်မဖြေဘဲ ထိုယောက်ျား လုံလုံလောက်လောက် စိတ်သက်သာသွားစေရန် နှုတ်ခမ်းများ၊ လျှာများဖြင့် ဆက်နမ်းနေသည်။

ဝေ့မိသားစု၏ မိသားစုဆရာဝန်က ဝေ့ချန်းရှု၏အခြေအနေမသက်သာလာသည်ကို တွေ့ပြီး ချင်းယွင်ထိခိုက်သွားမည်အား စိုးရိမ်သဖြင့် စိတ်ငြိမ်ဆေးဖြင့် ရှေ့တိုးလာသည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now