138

6.6K 1.3K 56
                                    

အန်ဒရီယာ၏မျက်နှာက မပြောင်းလဲပေ။ ခါးကိုင်း၍ အရိုအသေပေးပြီးနောက် ပြန်မတ်လိုက်ကာ ဖေးလ်၏ဘေးသို့သွားထိုင်လိုက်သည်။ ဖေးလ်၏ခန္ဓာကိုယ်ကို နွေးထွေးစွာ ဂရုစိုက်နေစဉ်တွင် ဤတာဝန်အတွက် အကူကိရိယာကို ထို'စနစ်'ဟုခေါ်သည့်အရာထံမှ ရရှိခဲ့သည်။

အကူကိရိယာမှာ ဆက်နွယ်မှုနည်းလမ်းပင်။ ထိုဆက်နွယ်ပုံက ဤကမ္ဘာရှိ အဖော်သားရဲများအား ဆက်နွယ်ပုံနှင့်လုံးဝ ခြားနားသည်။ အံ့ဩစရာကောင်းသည်မှာ အဖော်သားရဲကောင်က အစေခံအဖြစ် ခစားရပြီး အဖော်သားရဲကောင် သေဆုံးသွားခြင်းသည် ဆက်နွယ်သူအတွက် ဘာအန္တရာယ်မှ မဖြစ်စေပေ။

အန်ဒရီယာက ခပ်မြန်မြန်ဖတ်လိုက်ပြီး ဤသဘောတူချက်သည် လူသားများနှင့်လည်း ဆက်နွယ်နိုင်သည့်အတွက် အံ့ဩမိသည်။ သို့ရာတွင် အန်ဒရီယာက စနစ်ထံမှ အံ့အားသင့်ဖွယ်ရာများကို ခဏခဏရနေသည့်အတွက် အသားကျနေပြီဖြစ်သည်။

ဤစနစ်က အန်ဒရီယာ၏ စိတ်ထဲတွင် လွန်ခဲ့သောငါးနှစ်အကြာက ပေါ်လာခဲ့ပြီး သူ့ကိုလက်ခံသူအဖြစ်ရွေးချယ်ခဲ့သည်။

ဆင်းရဲသည့် ကောင်လေးတစ်ယောက်သာဖြစ်သော အန်ဒရီယာက အစပိုင်း၌ စနစ်ကိုအလွန်ကြောက်ရွံ့ခဲ့သော်လည်း ယခုအခါဝယ် ဤအေးစက်စက်စနစ်နှင့် ကောင်းကောင်းအဆင်ပြေနေသည်။

စနစ်က သူ့ကိုထင်ရှားစွာပြောထားသည်။ သူက အန်ဒရီယာအား စွမ်းအင်ထောက်ပံ့ပေးနေသမျှ ကာလပတ်လုံးတွင် အန်​ဒရီယာသည် ဗယ်လန့်၏ဧကရာဇ် အဒ်မန်ကဲ့သို့ပင် ကမ္ဘာ့အမြင့်ဆုံးနေရာ၌ ရပ်တည်နိုင်စေမည်။

ကနဦးတွင် အန်ဒရီယာက ၎င်းကိုမယုံကြည်ခဲ့ပေ။ မည်သို့ပင်ဆိုစေ ဧကရာဇ်က အကျော်ဇေယျပင်။ သူထိုနေရာသို့ ရောက်နိုင်မည်ဟု အိပ်မက်ပင်မမက်ဖူးချေ။ သို့သော် စနစ်ကအလွန်သန်မာပြီး အပြစ်ပေးမှုအနေဖြင့် ဖျက်ဆီးတတ်ရာ အန်ဒရီယာက ၎င်းပေးသောတာဝန်များကို လိုက်လုပ်ရုံသာတတ်နိုင်တော့သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ငါးနှစ်ကုန်ဆုံးသွားပြီး အန်ဒရီယာက ခေါင်းစခြေဆုံးပြောင်းလဲသွားသည်။ ဘာမှမရှိဘဲ အနိုင်ကျင့်ခံရသည့် ဆင်းရဲသားကောင်လေးအဖြစ်မှ ပြည်ထောင်စုတွင် အလားအလာအကောင်းဆုံး၊ အသက်အငယ်ဆုံးဗိုလ်ချုပ်ကြီး ဖြစ်လာသည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now