20

11.2K 1.6K 42
                                    

"ငါ့အစ်ကိုရဲ့ ဘေးနားမှာ မင်းညီကို မတွေ့မိပါဘူး။ " Zou Qiyao ကဆက်ပြောသည်။ ဘယ်လိုပဲဖြစ်ဖြစ် Zou မိသားစုထဲမှ တရားမဝင် ကလေးများအားလုံးထဲတွင် သူတစ်ယောက်သာ Zou Chen ၏ ပေါင်ကိုဆုပ်ကိုင်ထားနိုင်သဖြင့် သူက Zou Chen အကြောင်းကိုပိုသိသည်ဟု ခံစားရသည်။

Zou Chen ကအင်အားကြီးသော်လည်း ထိုကိစ္စမျိုးကို သိပ်စိတ်မဝင်စားပေ။ သူ၏ အနားတွင် တစ်ယောက်ယောက်ကို ထားသည်အား Zou Qiyao မမြင်ဘူးေပ။ထို့ကြောင့်သူက Xiao Chengnuo နှင့် Zou Chen ကြားမှ ကောလဟာလများကိုလည်း လုံးဝမယုံပေ။

Xiao Chengzhe ခေါင်းခါပြီး သူ၏စကားကို မယုံကြည်ပုံဖြင့်ပြောသည်။ "ဘယ်လိုပဲဖြစ်ဖြစ် Zou Chen ကဒီလိုပစ္စည်းမျိုးကို ဘယ်တစ်ယောက်ကိုမှ မပေးဖူးဘူးလေ။ Xiao Chengnuo က ပထမဆုံးတစ်ယောက်ပဲ။ "

၎င်းက Zou Qiyao ကို သတိပေးလိုက်သလိုပင်။

လွန်ခဲ့သည့် သုံးနှစ်က ကိစ္စကြောင့် Xiao Chengnuo ကကျော်ကြားခဲ့ပြီး လူတိုင်းက သူ့အကြောင်းပြောကြသည်။ မည်သို့ပင်ဆိုစေ Xiao Chengzhe ပြောခဲ့သလိုပင် ထိုသူကယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ ၎င်းက Zou Chen ထိုကဲ့သို့ သတင်းထွက်သည့် ပထမဆုံးအကြိမ်ဖြစ်ပြီး Xiao Chengnuo ၏ ကျော်ကြားမှုက အရေးပါခဲ့သည်။

သို့သော် Zou Qiyao က ထိုကိစ္စနှင့်ပက်သက်၍ မပျော်ရွှင်ပေ။ ယခင်က Zou Chen မျက်လုံးထဲ ဝင်သည်မှာ သူတစ်ယောက်သာရှိသည်။ ဘာလို့ အခြားတစ်ယောက်က သူ့ရဲ့မိုးကြိုးကိုလုယူဖို့ ရုတ်တရက်ပေါ်လာရတာလဲ။

သွေးသားတော်စပ်မှုနှင့်ပက်သက်၍ Xiao Chengnuo က Zou မိသားစုနှင့် ဘာမှမဆိုင်သော်လည်း သွေးသားက အရေးမပါပေ။ Zou မိသားစုတွင်း Zou Chen မျက်နှာသာကြည့်ကြပြီး Zou Chen သာနှစ်သက်လျှင် ၎င်းကို လူတိုင်းဆုပ်ကိုင်ကြသည်။

ထို့ကြောင့် Zou Qiyao က Xiao Chengnuo နှင့်ပက်သက်၍ အတော်မသက်မသာဖြစ်သည်ဟု ပြောလို့ရသည်။

Zou Qiyao ၏ မျက်ဝန်းထဲမှ အတွေးများကို ကြည့်ပြီး Xiao Chengzhe ကမျက်လုံးအောက်စိုက်ကာ ပြုံးလိုက်သည်။ သူက Zou Qiyao ကို သတိထားမိဖို့ပဲ ပြောပြခဲ့တာဖြစ်သည်။ သူကိုယ်တိုင်က အရမ်းကြီး စိတ်ပူမနေပေ။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now