112

9.8K 1.5K 95
                                    

နဂါးနောက်တစ်ကြိမ်ရူးသွပ်သွားခြင်းက စတူဒီယန်တစ်နိုင်ငံလုံးအား သူတို့တွေ့ကြုံဖူးသည့် ဘေးဒုက္ခရောက်ချိန်များကို ပြန်သတိရစေသည်။

သို့သော် ယခုတစ်ကြိမ်တွင် နဂါးပါးစပ်မှလွတ်လာသည့်သူများက အခြားသတင်းအား ယူဆောင်လာကြသည်။ သူတို့ပြောသည်မှာ တကယ့်မင်းသမီးလေဒီယာ၏ ကြောက်တတ်မှုနှင့် ရှောင်တိမ်းမှုကြောင့် ဆယ်ကျော်သက်တစ်ယောက်သည် တောင်တန်းများဆီသို့ သူမအစားသွားပေးရသည်။ ထိုလူငယ်က နဂါးမီးလျှံအထပ်ထပ်ကိုဖြတ်ကာ ရူးသွပ်နေသော နဂါးအားဖြေသိမ့်ရာတွင် အောင်မြင်ခဲ့သည်။ ဒေါသထွက်နေကာ အန္တရာယ်များသောနဂါးက ဆယ်ကျော်သက်လေး၏ရှေ့တွင် သူ့လက်သည်းများ၊အစွယ်များအား ကျိုးနွံစွာသိမ်းဆည်းပြီး ထိုကောင်လေးကို ရတနာအဖြစ် မှတ်ယူထားသည်ဟုလည်း ပြောကြသည်။

ဆယ်ကျော်သက်ကောင်လေး၏ နာမည်က ဂျွိုက်ဖြစ်သည်။ သူက နဂါးအား ငြိမ်သက်စေကာ နတ်သူငယ်တစ်မျိုးနွယ်လုံးအား ကယ်တင်ပေးခဲ့သူဖြစ်ပြီး နယ်စပ်မြို့ တစ်မြို့လုံးကို ဦးဆောင်၍ မကောင်းဆိုးဝါးစစ်တပ်နှင့် ဆန့်ကျင်တိုက်ခိုက်ခဲ့သူလည်း ဖြစ်သည်။

ဂျွိုက်၏နာမည်က ကုန်းမြေတိုက်တစ်ခုလုံးကို ပျံ့နှံ့သွားသည်။ နောက်ဆုံးတွင်တော့ သူ၏ စစ်မှန်သော နာမည်ဖြင့် ကဗျာစာဆိုတို့၏ အသည်းစွဲ ဖြစ်လာခဲ့သည်။ နယ်စပ်မြို့က သူ့အကူအညီအတွက် ချီးကျူးဂုဏ်ပြုသောအနေဖြင့် သူ့ရုပ်တုတစ်ခုကို စိုက်ထူခဲ့သည်။

ထိုညတွင် မြို့ရိုးပေါ်၌ နှိုင်းယှဉ်စရာမရှိလောက်အောင် တောက်ပနေခဲ့သော ပုံရိပ်ကို ပန်းပုဆရာက ပြီးပြည့်စုံစွာ ဖန်တီးခဲ့သည်။ သူက ပိန်သွယ်ကာ တရွတ်တိုက်နေသော စကတ်မှာ ကျက်သရေနှင့် နူးညံ့မှုကို ကိုယ်စားပြုသော်လည်း သူ့လက်ထဲတွင်မူ ဧရာမဓားရှည်က ကောင်းကင်ထံသို့ ခပ်မြင့်မြင့် ဦးတည်ထားသည်။ ဓားရှည်၏ထိပ်တွင် နေ့ပင်ဖြစ်စေ၊ ညပင်ဖြစ်စေ လှပသောအလင်းတန်းများ ထုတ်လွှတ်နိုင်သည့် အတောက်ပဆုံးကျောက်မျက်ရတနာများ မြှုပ်နှံထားသည်။

ကျောက်တုံးပန်းပုအကြမ်းထည်က သူ၏လှပသောအသွင်အပြင်ကို အလုံးစုံမဖော်ပြနိုင်သော်လည်း အမျိုးသမီးတစ်ယောက်ကဲ့သို့ ဝတ်ဆင်ထားသောဤကောင်လေးကို လူများလေးစားကြသည်မှာ သူ၏အသွင်အပြင်ကြောင့် လုံးဝမဟုတ်ပေ။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now