17

10.9K 1.7K 24
                                    

" အဖေ။ လူတိုင်းကို ခေါ်လိုက်ရမလား။ ဘယ်လိုပဲဖြစ်ဖြစ် ဥက္ကဋ္ဌ Zou ကလည်း ဒီမှာ ရှိသေးတယ်။ ကျွန်တော်တို့သာ အင်အားအကုန်မသုံးဘူးလို့ အပြစ်တင်ခံရရင်..." Xiao Chengzhe က အရေးကြီးနေပုံပေါ်သည်။ သူက ပါတီအတွင်းအခိုက်အတန့်မျှ လှည့်ပတ်ကြည့်လိုက်ပြီး ပြောသည်။ " အဖေ ။ ကျွန်တော်တို့သာ တူတူရှိနေရင် တစ်ခုခုသာ ဖြစ်လာခဲ့မယ်ဆို ချက်ချင်းပြောလို့ရတယ်။ "

အဖေ Xiao က Xiao Chengzhe ၏ အဆိုပြုချက်ကို နက်နက်နဲနဲ တွေးပြီးနောက် သဘောတူလိုက်သည်။ Zou Chen ပေါ်လာခြင်းက သူ့ကို ဖိအားအများအပြားဖြစ်စေခဲ့သည်။

" ဒုတိယ သခင်လေး Zou က နည်းနည်း နေမကောင်း ဖြစ်နေနိုင်လို့ပါ။ ကျွန်တော် သူ့ကိုအခု ဆက်သွယ်လို့မရပါဘူး။ ကျေးဇူးပြုပြီး သူ့ကို ကျွန်တော်တို့နဲ့အတူ ကူရှာပေးပါလား ခင်ဗျာ။ " မိုက်ခရိုဖုန်းက Xiao Chengzhe ၏ အသံကို ပွဲတစ်ခုလုံးအား ပျံ့နှံ့သွားစေသည်။

ထိုနေရာတွင် ရှိနေသော လူအုပ်ကြီးက ၎င်းကို ကြားလိုက်သည်နှင့် စိတ်လှုပ်ရှား သွားကြသည်။

ဒါက Zou Chen အပေါ် ကျေးဇူးကြွေးရှိလာဖို့ အခွင့်ကောင်းတစ်ခုပဲ။

အပြင်ဘက်မှ အကျပ်အတည်းကို သတိမထားမိဘဲ နားနေခန်းတွင် အစွန်းရောက်အခြေအနေဖြစ်နေသည်။ ၎င်းက အန္တရာယ်ချောက်ကမ်းပါးစွန်းတွင် ရောက်နေသည်။

Qing Yun က ခေါင်းလှည့်လိုက်ကာ Zou Chen ၏ အနမ်းကို ရှောင်လိုက်၍ Zou Chen ၏ နှုတ်ခမ်းများနှင့် လျှာက သူ့နားရွက်ဘေးနားမှာ ရောက်သွားကာ နောက်စက္ကန့်အတွင်း နားအခြေတစ်လျှောက် ဆင်းသွားသည်။

" ခင်ဗျား။ " Qing Yun က အံကြိတ်လိုက်ပြိး ထိုယောက်ျား၏ နက်ကတိုင်ကို ဆွဲကာ အနောက်တွန်းရန်ပြင်လိုက်သည်။ သူက လေသံဖြင့် မေးလိုက်သည်။ " ပြော။ ခင်ဗျားက ဘယ်သူလဲ။ "

သူက ဘာလို့ ဒီကမ္ဘာမှာ ရောက်နေရတာလဲ။

သူ့ပေါင်ပေါ်မှ အပူကို ခံစားမိသည်။ Qing Yun က မျက်လုံးပိတ်ထားလျှင်ပင် ၎င်းက ဘာဖြစ်တယ်ဆိုတာကို သိနိုင်သည်။ အဖြေကတော့ ထိုလူ စိတ်ကြွနေခြင်းပင်။ သူ့ပတ်လည်မှ ရနံ့က ပို၍ပြင်းလာပြီး ပို၍ ရင်းနှီးလာသည်။ သူတို့ ပထမဆုံး တွေ့ဆုံခဲ့တုန်းကထက် အကြိမ်ထောင်ပေါင်းများစွာ ပိုရင်းနှီးသည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now