55

10K 1.5K 163
                                    

အညစ်အကြေးများ အကုန်ငြိမ်သက်သွားသောအခါ လူငယ်လေး၏ လက်များမှ ရေစီးကြောင်းတစ်ခု ရုတ်တရက် ထွက်လာသည်။ သူကအလောင်းများအကြား မတ်တပ်ရပ်နေရင်း သူ့လက်များကို သန့်စင်နေသည်။ ရေများ တဖြည်းဖြည်း ပျောက်ကွယ်သွားကာ ချင်းယွင်က နောက်ပြန်လှည့်၍ ဆွံ့အနေသောလူအုပ်ကြီးကို ကျော်ဖြတ်ပြီး ကားဆီလျှောက်လာခဲ့သည်။

ကလေးလေး၏ အပြစ်ကင်းမှုက ပျောက်ကွယ်သွားပြီဖြစ်ကာ သူ့သန့်စင်သော အသွင်အပြင်မှာ အမှောင်ထဲတောက်ပနေပုံ ပေါ်သည်။ ဖော်ပြ၍ပင်မရနိုင်သော မာနကြီးမှုက ချင်းယွင်၏မျက်ခုံးများကြား ရှိနေကာ သူလျှောက်ရာလမ်းတစ်လျှောက် နီးကပ်သူများမှာ နှလုံးသားများ တုန်ယင်သွားကြသည်။

ကမ္ဘာပျက်ချိန်တွင် ယခုအထိရှင်သန်နေသေးသော စွမ်းအင်သမားများမှာ သေခြင်းတရားကို ခံစားလွယ်ကြသည်။ ယခုသူတို့၏ တစ်ကိုယ်လုံးကို သတ်ဖြတ်ချင်စိတ်ကြီးက ဖုံးအုပ်ထားသော်လည်း သူတို့လက်ထဲမှ လက်နက်များအား မမြှောက်ရဲကြပေ။

ချင်းယွင်၏ အနောက်၌ရပ်နေသော ရှိန့်ဖုန်းမှာ သူ့အရှေ့မှ လူငယ်လေးနှင့် မရင်းနှီးသလို ခံစားရသည်။ ဤရက်များအတွင်း ရှိန့်ဖုန်း၏ဘေး၌ နေခဲ့သော ကလေးက စွမ်းအားကြီးပြီးမထူးခြားသော သူစိမ်းအဖြစ် ပြောင်းသွားသလိုပင်။

သို့သော် ဤထူးဆန်းမှုသည်လည်း ရှိန့်ဖုန်း၏ စိတ်ဝိညာဉ်ထဲ ထွင်းထုထားသော ရင်းနှီးနေသည့် အာရုံကို သယ်ဆောင်လာပုံပေါ်သည်။ ထိုခံစားချက်နှစခုက ရောထွေးနေရာ ရှိန့်ဖုန်းမှာ မည်သည်ကသူနှင့်အရင်းနှီးဆုံး ဆိုသည်ကို မခွဲခြားနိုင်တော့ပေ။

"မင်းက ဘယ်သူလဲ။ "

ရှိန့်ဖုန်း၏ ဩရှရှအသံက အနောက်မှထွက်လာ၍ ချင်းယွင်ခေါင်းလှည့်ကြည့်လိုက်သည်။ သူ့နှုတ်ခမ်းထောင့်များ ကွေးလာကာ အေးစက်ပြီး လှောင်ပြောင်နေပုံပေါ်သော အကွေးလေးဖြစ်လာသည်။ "ဘာမှ မှတ်ချက်ပေးစရာမရှိဘူး။ "

အေးစက်သော စကားလုံးများက ရှိန့်ဖုန်းအား ချက်ချင်း လက်သီးဆုပ်မိစေသည်။ လူငယ်လေး၏ အဆိုးမြင်သတ်ဖြတ်ချင်စိတ်နှင့် အဆုံးမရှိသည့် တိတ်ဆိတ်သေဆုံးနေသော မျက်ဝန်းများကို သူစိုက်ကြည့်လိုက်သည်။ သူ့မျက်ဝန်းများထဲ တစ်ချိန်က ရှိခဲ့သော မှီတွယ်မှုနှင့် ချစ်ခင်မှုများမှာ ရှိန့်ဖုန်းအိပ်မက်ထဲမှ ပူဖောင်းလေးတစ်ခုသာ ဖြစ်ခဲ့ပုံပင်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now