135

9.1K 1.3K 51
                                    

မြို့တော်ကြယ်ဂြိုလ်၏ အဝေးမှ မထင်မရှားအဖွဲ့အစည်းတွင် အနီရင့်ရောင်အာကာသယာဉ်တစ်စင်းက အနီးဆုံးအာကာသဗဟိုချက်သို့ ယစ်ထုပ်အတိုင်း ယိမ်းထိုးလာနေသည်။

အာကာသယာဉ်ပေါ်မှ ကြယ်ဓားပြအမှတ်အသားတစ်ဝက်ခန့်မှာ ပြုတ်ထွက်နေပြီးဖြစ်ကာ ယာဉ်ပိုင်ရှင်ဟော့စ်၏ အပြုံးမျက်နှာတစ်ဝက်သာ ခနော်နီခနော်နဲ့ကျန်ရစ်သည်။

မသိနားမလည်သော ကလေးထံမှ ဖျက်ဆီးခံရသည့်ပုံစံနှင့် တူနေသည့် ဤသနားစရာအာကာသယာဉ်မှာ ဟော့စ်ကြယ်ဓားပြများ၏ အဓိကယာဉ်ဖြစ်သော၊ တော်ဝင်မြင့်မြတ်သူများကိုပင် လုယက်နိုင်ခဲ့သည့် နာမည်ကြီးအနီရောင်နှင်းဆီဟု မည်သူမှထင်မည်မဟုတ်ပေ။

ပို၍မမျှော်လင့်စရာကောင်းသည်မှာ အနီရောင်နှင်းဆီဒုက္ခရောက်နေခြင်းသည် ကုန်သွယ်ယာဉ်တန်း၊ သို့မဟုတ် အာကာသ ရဲအုပ်စုကြောင့်မဟုတ်ဘဲ ပိန်ပိန်ပါးပါး လူငယ်လေးကြောင့်သာ ဖြစ်နေခြင်းပင်။

သနားစဖွယ် အာကာသယာဉ်ထဲတွင် ကြယ်ဓားပြများက တစ်အုပ်တည်းစုနေကြသည်။ သူတို့က လျှောက်လမ်းကိုပိတ်ထားကာ အခန်းတစ်ခန်းအတွင်းသို့ လည်ဆန့်၍ကြည့်နေကြပြီး သူတို့၏မျက်လုံးများ၌ အာသီသ၊ စပ်စုလိုစိတ်နှင့် ဖိနှိပ်ခံထားရသော ကြောက်ရွံ့မှုများ ရောနှောနေသည်။

သူတို့ကြည့်ချင်နေကြသောအခန်းထဲတွင် အနီရောင်နှင်းဆီတစ်စင်းလုံးကို လေထဲမှဆွဲချခဲ့သူ၊ ယာဉ်မောင်းခန်းမှ ပြတင်းပေါက်အား တစ်ချက်တည်းနှင့် ကွဲလုနီးပါးရိုက်ချခဲ့သူ လူငယ်လေးက သူ့ခန္ဓာကိုယ်မှ သွေးများအားဆေးကြောကာ ပြန်သန့်စင်သွားသည်။

သူက ပိုးသားရှပ်အကျီတစ်ထည်ဝတ်ဆင်ထားပြီး ကိုးရိုးကားယားနိုင်သော ဖဲပြားလည်စည်းကို စေ့စေ့စပ်စပ် ပြင်ဆင်ထားရာ နည်းမျိုးစုံဖြင့် ဆန်းပြားမြင့်မြတ်နေသည်။

ယခုအခါတွင် ဤလူငယ်လေးက အာကာသယာဉ်ထဲ၌ အာဏာအရှိဆုံးဖြစ်ပြီး သွယ်လျသော်လည်း အဆုံးမရှိစွမ်းအားပြင်းသည့် လက်များကိုသုံးကာ ငွေဓားနှင့်ခရင်းအား ညင်သာစွာကိုင်တွယ်၍ ဖြည်းဖြည်းချင်း အစာစားနေသည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now