151

5.4K 921 17
                                    

မျက်ခုံးဖြူဖြင့်ဘိုးတော်က အတိဒုက္ခအဆင့်မှစွမ်းအားကြီးသူတစ်ယောက်၏သိက္ခာကို အလေးမထားဘဲ လက်ဖဝါးကို ချင်းယွင်ဘက်သို့ ရိုက်ချလိုက်သည်။

သူ့လက်ဖဝါးမှ လေက ချင်းယွင်၏ ဆံပင်ရှည်ကို လွင့်သွားစေရာ အေးစက်တည်ငြိမ်သော မျက်ဝန်းတစ်စုံပေါ်လာသည်။ ဤမျက်ဝန်းများ၌ မျက်ခုံးဖြူနှင့်ဘိုးတော်ထင်ထားသကဲ့သို့ အကြောက်တရားများမရှိပေ။ ရွှေတန်အလယ်အလတ်အဆင့်ကျင့်ကြံသူက အတိဒုက္ခအဆင့်မှ စွမ်းအားကြီးသူတစ်ယောက်၏ ဖိအားအောက်မှာပင် မျက်နှာမတွန့်သွားပေ။

တောင်ကြားထဲ၌ ပြန့်ကြဲနေသော မှော်ကိရိယာများ၊ ဝိညာဉ်ဆေးလုံးများအား ကောက်နေသည့် ကျန်ကျင့်ကြံသူများသည်လည်း ဤနေရာ၌ ပွက်လောရိုက်နေပုံကို လှမ်းကြည့်ကြသည်။

အတိဒုက္ခအဆင့်မှ စွမ်းအားကြီးသူအချို့ကလည်း လေထဲမှ ဖိနှိပ်မှုကို ကြည့်နေကြသည်။ ချင်းယွင်၏မျက်ဝန်းများအား တွေ့သောအခါ သက်ပြင်းချကာ ခေါင်းခါမိကြသည်။

ငယ်ရွယ်သော အတိဒုက္ခအဆင့်ကျင့်ကြံသူတစ်ယောက်ကပင် နောင်တရပုံပေါ်နေသည်။ "ဒီယွင်ချင်းက မျိုးစေ့ကောင်းလေးပဲ။ သူ့နှလုံးသားက ခိုင်မာတယ်ဆိုတာ သိသာပေမဲ့ သူက မာကျောပြီးအထိမခံဘူး။ သူသာ အသနားခံချင်စိတ်ရှိမယ်ဆိုရင် ဒီလိုမျိုး အခြေအနေဖြစ်လာမှာ မဟုတ်ဘူး။ အခုတော့ သနားစရာပဲ။"

ကျန်သော ကြည့်ရှုနေသူများသည်လည်း သဘောတူကြသည်။

များမကြာမီကနှစ်များတွင် မူလကောင်းကင်ဂိုဏ်းမှ ပါရမီရှင်တပည့် ယွင်ချင်း၏နာမည်က ကုန်းမြေတိုက်တစ်ခုလုံး၌ သတင်းကြီးနေသည်ဟု ပြော၍ရသည်။ ထို့အပြင် ၎င်းက မူလကောင်းကင်ဂိုဏ်းကိုလည်း ဂုဏ်သတင်းကောင်း ရစေသည်။

သို့သော် ဤလူငယ်လေးက ရွှေတန်အဆင့်၌ ပြိုင်ဘက်မရှိသည်ဖြစ်စေ၊ သို့မဟုတ် စိတ်ဝိညာဉ်အခြေတည်စ ကျင့်ကြံသူများအား ကျော်လွှားနိုင်သည်ဖြစ်စေ ယခုအခါ အတိဒုက္ခအဆင့် ကျင့်ကြံသူ၊ အတိဒုက္ခအဆင့်ရှိ အကောင်းဆုံးထဲမှတစ်ယောက်ပင် ဖြစ်နေသူတစ်ယောက်နှင့် ရင်ဆိုင်နေရသောအခါ ဘာလုပ်နိုင်မည်နည်း။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now