124

8.4K 1.5K 131
                                    

ချင်းယွင်က တကယ်ကို ဒေါသထွက်နေသည်။ ထိုယောက်ျားက ဤသို့သောအစီအစဉ်များအားလုပ်ထားမည်ဟု သူမမျှော်လင့်ထားမိပေ။ ဘာကို သူ့ကောင်းကျိုးအတွက်လဲ။ ယခင်ဘဝတွင် ထိုယောက်ျားက သူ့စိတ်ဝိညာဉ်မှ ဒဏ်ရာမပေါက်ကွဲခင်ပင် ကြိုတင်ပြင်ဆင်ပြီး အေးစက်သောရေကန်ထဲ၌ ပုန်းနေခဲ့သည်။ ယခုတစ်ကြိမ်တွင်လည်း သူက တိတ်တိတ်လေး ထွက်သွားချင်ခဲ့သည်လား။

လက်ရှိရည်ရွယ်ချက်များကကော ထိုယောက်ျား၏ တကယ့်အတွေးများကို ကိုယ်စားပြုသလား။ ကျိုးကြောင်းဆီလျော်စွာပြောရလျှင် ဝေ့ချန်းရှု၏ရောဂါသည် ထိုယောက်ျား၏ အင်အားကြီးသောစိတ်ဝိညာဉ်အပေါ် သက်ရောက်မှုမရှိသင့်ပေ။ ယခု သူဤမျှ စိတ်အခြေအနေမတည်မငြိမ်ဖြစ်နေသည်မှာ စိတ်ဝိညာဉ်ပေါ်မှဒဏ်ရာနှင့်သာ များစွာသက်ဆိုင်သည်။ သူကမ္ဘာပေါ်ရှိ ဆရာဝန်အားလုံးနှင့် ကုသလျှင်ပင် ပြန်ကောင်းလာမည်မဟုတ်ပေ။

ထိုသို့သာဆိုလျှင် ယခုကမ္ဘာ၌ ဤယောက်ျားက သူ့အားထားရစ်ခဲ့မည်လား။ ဟမ့်၊ သတ္တိသိပ်ကောင်းတာပဲ။

ဝေ့ချန်းရှု၏ မျက်ဝန်းများကို စိုက်ကြည့်ရင်း ချင်းယွင်၏ မျက်ဝန်းများရဲလာကာ တစ်လုံးချင်းပြောလိုက်သည်။ "ဒါကို မှတ်ထား။ ခင်ဗျား ကျွန်တော်နဲ့ လာရှုပ်ပြီးရင် ထွက်သွားဖို့တွေးတောင်မတွေးနဲ့။ ခင်ဗျား သေရင်တောင် ကျွန်တော့်ဘေးမှာပဲ သေရမယ်။"

ထိုသို့ပြောပြီးနောက် သူကထိုယောက်ျားအား တစ်ချက်ထဲဖြင့် မြေကြီးပေါ်လဲကျလောက်သည်အထိ ထိုးကာ နောက်ပြန်လှည့်၍ ဂရုမစိုက်ဟန်ဖြင့် ထွက်သွားသည်။

ဝေ့ချန်းရှုက လည်ပင်းအား အုပ်ကိုင်ကာ မြေကြီးပေါ်မှ ထရပ်သည်။ ချင်းယွင်က အားကိုမထိန်းချုပ်ခဲ့ရာ ဝေ့ချန်းရှု၏ လည်ချောင်းမှာ ပူလောင်နာကျင်နေပြီး နှုတ်ခမ်းထောင့်သည်လည်း ရောင်ကိုင်းနေသည်။ သို့ရာတွင် ဝေ့ချန်းရှု၏ မျက်ဝန်းများထဲ၌ အပြုံးတစ်ခုပေါ်လာသေးသည်။ သူကချောင်းဆိုးပြီးနောက် နှုတ်ခမ်းထောင့်မှ သွေးများအား သုတ်ကာ ခပ်တိုးတိုးရယ်ရင်း ချင်းယွင်နောက်သို့ လိုက်သွားသည်။ "ကလေး၊ မသွားနဲ့ဦး၊ ကိုယ့်ကိုစောင့်...."

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now