51

8.6K 1.6K 214
                                    

ချင်းယွင်က သူ့ဘေးမှ လူများအား လျစ်လျူရှုကာ နှာခေါင်းရှုံ့၍ အဝေးသို့လျှောက်သွားသည်။

အသင်းထဲမှ အခြားသူများနှင့်ယှဉ်လျှင် လုချန်ဖုန်းကို သူအမုန်းဆုံးဖြစ်သည်။ ထိုလူက သူ့ကို အမြဲတမ်း ဂျီတိုက်နားပူစေပြီး သူနားမလည်နိုင်သည့် ထူးဆန်းသောစကားများ ပြောတတ်သည်။

သူ ၎င်းကိုနားမလည်သော်လည်း ချင်းယွင်က လုချန်ဖုန်း၏ သူတစ်ပါးကို ဒုက္ခပေးလိုသည့် ဆန္ဒကိုတော့ ခံစားရရာ သူထိုလူ့စကားအား နားထောင်မည်မဟုတ်ပေ။

ချင်းယွင်ပစ်လိုက်သော မီးဘောလုံးကြီးက လုချန်ဖုန်း၏ မျက်ခုံးမွေးများကို လောင်ကျွမ်းစေရုံသာမက အိုးကိုပါပေါက်ကွဲစေခဲ့သည်။ ထို့ကြောင့် ယခုအခါ အသင်းတစ်ခုလုံးတွင် အိုးတစ်အိုးသာကျန်တော့ပြီး အဓိပ်ပါယျမှာ ရှိန့်ဖုန်းကဲ့သို့ စွမ်းအင်ရှိသူများမှလွဲ၍ ကျန်သောအုပ်စုမှာ ဒီညစားစရာမရှိတော့ပေ။

ကမ္ဘာပျက်နေသော အချိန်၌ ဤအနပ်သည် လူများ အပြင်ဘက်၌ စားနိုင်သော တစ်ခုတည်းသော အနပ်ဖြစ်သည်။

ချင်းယွင်၏ မီးဘောလုံးကြောင့် အံ့အားသင့်နေသော်လည်း အုပ်စုအတွင်း အထွန့်တက်မှုဆက်တိုက်ပေါ်ထွက်လာပြီး ရှိန့်ဖုန်းကို ကားထဲမှ ထွက်လာစေသည်။

"ဘာတွေ ဖြစ်နေတာလဲ။ "ရှိန့်ဖုန်းက မျက်မှောင်ကြုတ်၍ မေးလိုက်သည်။ သူ၏ မြင့်မားသော ကိုယ်လုံးကြီးက ထိုနေရာ၌ ရပ်နေဆဲပင်။ ဖိနှိပ်မှုတစ်ခု ပျံ့နှံ့သွားပြီး ဖရိုဖရဲဖြစ်နေသော စခန်းတစ်ခုလုံး ချက်ချင်း ငြိမ်ကျသွားသည်။

တင်းရှီအန်းက ချင်းယွင်ကို အံ့ဩစွာကြည့်ပြီး ရှိန့်ဖုန်းဆီလာကာ ချက်ချင်းရှင်းပြလိုက်သည်။ "အဲ့ဒီ့ ချင်းယွင်ဆိုတဲ့ကလေးလေ ၊ ခုနကလေးတင် မီးလုံးတစ်လုံး ပစ်ထည့်လိုက်တယ်။ "

"မီးဘောလုံးလား။ စွမ်းအင် ၂ မျိုး ရှိတဲ့သူလား။" ရှိန့်ဖုန်းက အရမ်းကြီး မအံ့ဩ သွားပေ။ မည်သို့ပင်ဖြစ်စေ ဆင်တူသောကိစ္စရပ်များမှာ မရှားပေ။

"အစ်ကို ဖုန်း။ အဲ့ဒီ့ကလေးက ဘာမှမပြောဘဲ ကျွန်တော့်ကိုတောင် တိုက်ခိုက်ပြီး အိုးတစ်အိုးကို ဖျက်ဆီးလိုက်တယ်။ ဒီည ကျွန်တော်တို့မှာ စားစရာတောင် မရှိလောက်ဘူး။ "လုဖုန်းချန်က မျက်နာမဲကြီးဖြင့် အနားလျှောက်လာသည်။ မီးက သူ့အမွေးကိုသာ လောင်ကျွမ်းသွားပြီး ဆိုးဆိုးရွားရွား အပူမလောင်စေခဲ့ပေ။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now