သူ့မျက်နှာပေါ်ပေသွားသော လက်ဖက်ရည်များကို ဂရုပင်မစိုက်ဘဲ Nie Songping က မျက်နှာပြင်ကို ကြည့်လိုက်သည်။
Qing Yun က အမေ ကို ဝမ်းနည်းပြီး နားလည်ပေးသော မျက်လုံးများဖြင့် ကြည့်နေသော်လည်း သူ၏ ကျောက်စိမ်းကဲ့သို့ လက်က Lin Yuhao ၏ ဒန်တျန်းထဲသို့ အကြင်နာမဲ့စွာ ထိုးစိုက်ထားသည်။
" ဒါ....သူ မသန်မစွမ်း ဖြစ်သွားပြီလား။ " Wang မိသားစု အကြီးအကဲက နှုတ်ခမ်းပြန်စေ့လိုက်သည်။
" ဒါတင် မကသေးဘူး။ " အကြီးအကဲ က မျက်နှာပြင်ကို ကြည့်လိုက်သည်။ " သူ့ရဲ့ လက်ဖဝါးက ဝိညာဉ်စွမ်းအားတွေနဲ့ပြည့်နေတယ်။ သူက ရှင်းရှင်းလင်းလင်းပဲ Lin Yuhao ရဲ့ သွေးကြောအဆက်တွေကိုလည်း ဖျက်ဆီးထားတယ်။ သူက ကျင့်ကြံဆင့် ဖျက်ဆီးခံရရုံသာမက မသန်မစွမ်းတစ်ယောက်ပဲ ဖြစ်နိုင်တော့မယ်။ "
ဤ စကားသံများထွက်လာသောအခါ သချိုင်းကို ခြေတစ်ဖက်လှမ်းနေသော မြေခွေးအိုကြီးများက Qing Yun ကိုကြည့်လိုက်ကြသည်။ Qing Yun က ညှင်သာသည့် အမူအရာရှိသော်လည်း သူတို့၏ နှလုံးသားထဲမှ ကြက်သီးထသွားစေခဲ့သည်။ အရမ်းငယ်တယ်။ ကျင့်ကြံဆင့်ကလည်းမြင့်တယ်။ အရမ်းလည်း ရက်စက်သေးတယ်။
ဒီကလေး Qing Yun က သူတို့ကိုယ်သူတို့ အရှက်ပြန်ရစေသည်။
Nie Chenyuan က အောက်ဘက်ဆီမှ မရပ်မနား အံ့အားသင့်သံများကို ကြားနေရသော်လည်း ပျော်ရွှင်စွာ ရယ်မောနေသည်။ Qing Yun က ကိစ္စ များကို ထွင်းထွင်းဖောက်ဖောက် သိမြင်နိုင်တာပဲ။ သဘာဝကျစွာပင် သူက စကားလုံးအနည်းငယ်ကြောင့် တစ်စုံတစ်ယောက်ကို သက်ညှာပေးမယ့်သူမျိုး မဟုတ်ပေ။
ပြိုင်ပွဲ ပြီးသွားသည်ကို တွေ့သောအခါ သူက ဖုန်းကို ကောက်ကိုင်လိုက်ပြီး ဖုန်းတစ်ချက် ဆက်လိုက်သည်။
" အမေ ကျွန်တော် ခင်ဗျားကိုလည်း စိတ်ပျက်မိတယ်။ "
Qing Yun က ကြေကွဲဝမ်းနည်းနေသော အမေ Lin ကိုလည်း ကြည့်လိုက်ကာ သနားစွာ ပြောသည်။
အမေ Lin က သတိမေ့တော့မလို ခံစားရသည်။ သူမက နောက်ဆုံးတွင်တော့ ယခု Qing Yun သည် သူမကို သနားခဲ့ဖူးသော Qing Yun မဟုတ်တော့ကြောင်း သဘောပေါက်သွားသည်။ Lin Yuhao က မသန်မစွမ်း ဖြစ်သွားပြီ ဖြစ်သဖြင့် သူမ၊ သူမ၏ မိသားစုကို ဒုတိယကြိမ် စွန့်ပစ်ခဲ့ရသည့် အကြောင်းပြချက် ပျက်ပြယ်သွားသည်။ ပထမဦးဆုံးကတည်းကသခင်မ Qing နေရာမှာသာ နေခဲ့သင့်သည်။
![](https://img.wattpad.com/cover/273923360-288-k132657.jpg)
YOU ARE READING
ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီး
Romanceဤမျှ ဆိုးရွားစွာခံစားရသောဗီလိန်သည် သူတစ်ယောက်သာရှိမည်ဟု ချင်းယွင်ထင်သည်။ နှစ်ရာချီအောင်ပင် ဇာတ်လိုက်တစ်ယောက်က သူ့ကိုဟောင်နေပြီး အန္တရာယ်ပေးဖို့ရန်ကြိုးစားနေသည်။ သူ့ကိုမသတ်နိုင်သေးခြင်းသာ။ မကျန်းမာ၍အိပ်ရာထဲတွင် လူသေကောင်ကဲ့သို့လှဲနေစဉ်က သူ့ဘဝသည် သေသည...