42

10.4K 1.7K 300
                                    

လီချင်းဝင်လာသည်နှင့် လေအေးအေးများက သူ့ကို ရုတ်တရက်နှုတ်ဆက်လိုက်သည်။ သူက ခေါင်းလှည့်ကြည့်လိုက်ရင်း မျက်နှာကို လက်ဖြင့်ကာလိုက်ပြီး ဖြူဖျော့နေသည့် နျင်းချန်ယွမ်အား ထူးဆန်းစွာ ကြည့်လိုက်သည်။ "မင်း ဘာထပ်ဖြစ်ပြန်ပြီလဲ။ ဘာလို့ ရုံးခန်းပြတင်းပေါက်တွေကို အကျယ်ကြီး ဖွင့်ထားတာတုန်း။"

" ငါကြိုက်လို့လေ။ ဘာကိစ္စလဲ။ " နျင်းချန်ယွမ်က မျက်လွှာပင့်လိုက်ပြီး သူ့အား အေးစက်စွာ ကြည့်လိုက်သည်။ တစ်ချိန်ထဲမှာပင် သူ့ဘောင်းဘီပေါ်မှ ရေစက်များအား ဖုံးရန်မသိမသာ ရွှေ့လိုက်သည်။ သူ့အနောက်မှ လေအေးများက သူ့အောက်ပိုင်းရှိ နာကျင်မှုနှင့် ပူလောင်မှုအား အနည်းငယ် လျော့ပါးစေသည်။

လီချင်းက ထိုကဲ့သို့သော "တစ်ကမ္ဘာလုံးမှာ ငါကအကောင်းဆုံးပဲ" ဟူသည့်လေသံနှင့် အကျင့်ရနေပြီဖြစ်သည်။ ပုံမှန်အတိုင်းပင် သူကစိတ်ထဲဆဲဆိုလိုက်ပြီး စီးပွားရေးကိစ္စ တင်ပြလိုက်သည်။ " မင်း ဝေးပေါ်မှာ တစ်ယောက်ယောက်ကို ခုနကလေးတင် လိုက်ခ်ပေးတာတွေ့လိုက်လို့ လာတာ။မင်း လိုက်ခ်ပေးလိုက်တဲ့ တစ်ယောက်က ဒီနှစ်မှ ငါတို့ကုမ္ပဏီဆီရောက်လာတဲ့ လူသစ်လေးဖြစ်နေတယ်။ဒါပေမယ့် အတူတူရောက်လာတဲ့ တခြားအသစ်တွေနဲ့ယှဉ်ရင် သူကအရမ်းကြီး တော်နေတာတော့ မဟုတ်ဘူး။ ဒါပေမယ့် မင်းကလည်း လိုက်ခ်ပေးလိုက်တော့ စျေးကွက်ထိန်းချုပ်တဲ့ဌာနက မင်းများသူ့ကိုပျိုးထောင်းပေးဖို့ စိတ်ဝင်စားသလား မေးခိုင်းလိုက်တယ်။ သူတို့က မီးထဲ လောင်စာထပ်ထည့်ပေးဖို့ လိုမလားတဲ့။ "

"မင်းဘာပြောလိုက်တယ်။ " နျင်းချန်ယန်မှာ ရုပ်သေဖြစ်သွားပြီး သူမျက်လုံးများက လီချင်းအား စူးရှစွာကြည့်သည်။ " သူက ငါတို့ကုမ္ပဏီကလား။ "

လီချင်းက သူ့ထံမှ အကြည့်စူးစူးကြီးအား မခံနိုင်သဖြင့် ကူကယ်ရာမဲ့စွာ ခြေတစ်လှမ်းဆုတ်လိုက်ရသည်။ သူ့အပေါ် သဘောထားက အတော်ထူးဆန်းနေသည်။ "ဟုတ်တယ်။ သူက ငါတို့ကုမ္ပဏီက။ သူ့ကိုယ်ရေးအကျဉ်းကို မင်းကွန်ပျူတာဆီ လွှဲပေးပြီးပြီ။ "

ထိုအခြင်းအရာကို ကြားသောအခါ နျင်းချန်ယွမ်က လီချင်းပို့ထားသော ဖိုင်အားချက်ချင်းဖွင့်ကြည့်ပြီး အသေးစိတ်ဖတ်ကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်အောက်ပိုင်းမှ ဖုံးကွယ်ထားသော နာကျင်မှုကိုပင် လျစ်လျူရှုထားသည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now