30

9.4K 1.5K 44
                                    

ရနံ့က လူတိုင်းစိတ်ကူးယဉ်နိုင်သည်ထက် ပိုမိုဆွဲဆောင်မှုရှိပြီး အခန်းထဲမှ Alpha များကို ချက်ချင်း လွှမ်းမိုးလိုက်သည်။ သို့သော် တားဆေးများထိုးထားသည့်အတွက် လူအုပ်ကို လွှမ်းမိုးနေစဉ် Qing Yun ၏ဟော်မုန်းများက ရူးသွပ်သွားစေသည်အထိတော့ မဖြစ်စေပေ။

၎င်းက ပြုပြင်၊အဆင့်မြှင့်ထားခြင်း၏ ကောင်းကျိုးပင်။

Qing Yunက စစ်ဆေးမေးမြန်းသည့်အခန်းထဲမှ လူများ၏ အခြေအနေကို ကြည့်ပြီး သူ့ကိုယ်သူပင် ပြန်ရယ်ချင်လာသည်။ အခြေအနေက အလွန်အမင်းဆိုးရွားနေပုံပေါ်သော်လည်း သူ၏မျက်ဝန်းများက လုံးဝတည်ငြိမ်နေသည်။ မနေ့က အဆိပ်သည် သူ့အတွက် အကူအညီ ကြီးကြီးမားမား ဖြစ်စေခဲ့သည်။ ထိုအဆိပ်ကြောင့်ပျက်စီးမှုကို အခွင့်ကောင်းယူ၍ ဤခန္ဓာကိုယ်အား တစ်ပြိုင်ထဲပြောင်းလဲလိုက်သည်။

"Omega လား။ မင်းက တကယ်ကြီးကို Omega လား။ " Apollon က အံ့အားတကြီး ပြောလိုက်သည်။

ဤမျှအထိတောင့်ခံခဲ့သော ကောင်လေးက Omega ဖြစ်မည်ဟု လူတိုင်းမထင်ထားပေ။

အခန်းတံခါးပွင့်လာပြီး ကြယ်ဓားပြတစ်ယောက် ရောက်လာသည်။ "ခေါင်းဆောင်၊ စိတ်ကြွဆေးတွေ ရောက်လာကြပါပြီ။ "

၎င်းကိုကြားပြီး Apollon ကနည်းနည်းလေးမျှ စိတ်မလှုပ်ရှားသွားပေ။ သူက Qing Yun ကိုစိုက်ကြည့်လိုက်ပြီး အပြင်ဘက်မှ ကြယ်ဓားပြကို လက်ဝှေ့ယမ်းပြလိုက်သည်။ " မင်းစိတ်ကြွဆေးလာပို့တဲ့အခါ ကာမအားတိုးဆေးပါ ထည့်လာခဲ့။ စစ်ဆေးဖို့ နည်းလမ်းကောင်းတစ်ခုကိုငါစဉ်းစားမိသွားပြီ။ "

ဘယ်လိုတောင် အတင့်ရဲတာလဲ။

Apollonကိုကြည့်နေသည့် Chris ၏မျက်ဝန်းများက စူးရှလာသည်။ ယခုအချိန်တွင် သူ Apollon ၏လည်ပင်းကိုသာ ချိုးပစ်ချင်သည်။

သူ သူ၏လက်များကို မထိန်းချုပ်နိုင်တော့ဆဲဆဲအချိန်တွင် ကပ်လျက်မှ ပေါက်ကွဲသံများ ကြားလိုက်ရပြီး ခြေထောက်အောက်မှ ပြင်းပြင်းထန်ထန် တုန်ခါလာသည်။

Chris က Qing Yun အနောက်ကို မယုံကြည်နိုင်စွာ ကြည့်ပြီး သူ့မျက်ဝန်းများချက်ချင်း ပူလောင်ဖောင်းကားလာသည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now