72

8.4K 1.4K 226
                                    

ထိုယောက်ျား၏ ဆုပ်ကိုင်ခံထားရသော သူ့လက်ကိုကြည့်ကာ ချင်းယွင်မျက်မှောင်ကြုတ်လိုက်သည်။ သူတို့၏ သက်ဆိုင်ရာမျိုးဆက်အရ နှစ်ယောက်သား ဤမျှ မနီးစပ်သင့်ပေ။

ချင်းယွင်ရုန်းနေသည်ကို သတိထားမိသောအခါ အေဟတ်ခဏခဲတောင့်သွားကာ သူ့အားကြောင့် လူငယ်လေး နာသွားမည်ကိုစိုးသဖြင့် ချက်ချင်းလက်လွှတ်ပေးလိုက်သည်။ မည်သို့ပင်ဆိုစေ သူ့နှလုံးသားထဲတွင် ဆုံးရှုံးသွားသည့် ခံစားချက်ရနေသည်။ အေဟတ်၏ မျက်ဝန်းများမှာ မှောင်ရိပ်သန်းနေပြီး သူ့နှလုံးသားထဲမှ ဒေါသအားလုံးက ရော်စီ့ထံ ဦးတည်သွားသည်။

"ဖယ်မလာတွေလား။ မင်းလိုသားမျိုးကို ပျိုးထောင်ထားတာ မင်းအဖေက တော်တော် စွမ်းတာပဲ။ "

အေဟတ်၏ အေးဆေးတည်ငြိမ်သော အသံကိုကြားသည်နှင့် ရော်စီ၏ နှလုံးသား ထိုးကျသွားသည်။

လက်ဟာနေသဖြင့် အေဟတ်က လူငယ်လေး၏ ခါးကိုဖက်ထားချင်သော်လည်း ကောင်လေး၏ ရှောင်တိမ်းနေမှုကို သတိထားမိကာ အသည်းကွဲသွားသည်။ ရော်စီကိုကြည့်နေရင်းဖြင့် သူ့အကြည့်က တဖြည်းဖြည်းပိုအေးစက်လာကာ လက်ယမ်းပြလိုက်ပြီး တစ်စုံတစ်ယောက်အား ဤရွံရှာဖွယ်အကောင်နှစ်ကောင်ကို ဆွဲခေါ်သွားရန် အချက်ပြလိုက်သည်။ " ဒါရိုက်တာ ရော်စီက ဖျော်ဖြေရေးလောကမှာ အရမ်းကျော်ကြားတယ်ဆို။ မင်းရဲ့ အနုပညာအရည်အချင်းကို ပြဖူးသလား သိချင်မိတယ်။ မင်းကို အခုအခွင့်အရေးတစ်ခုပေးမယ်။ "

အေဟတ်၏ အသံထွက်လာသည်နှင့် ဗီးနပ်ခေါင်းဆောင်က သူဘာဆိုလိုမှန်းသိကာ ရော်စီနှင့်ရိုင်ဆန်တို့ကို ဆွဲခေါ်သွားရန်အတွက် အချို့ဗလတောင့်တောင့်ယောက်ျားများကို ချက်ချင်းအချက်ပြခေါ်လိုက်သည်။

ထိုလှည့်စားမှုမျိုးအား တစ်ချိန်က ကစားဖူးသူရော်စီမှာ ချွေးစေးများထွက်လာပြီး ကြမ်းပြင်ပေါ်၌ နှပ်ချေးဖတ်ကဲ့သို့ တွယ်ကပ်ဝပ်နေသည်။ ကြမ်းပြင်မှ အဟလေးကို လက်ချောင်းများဖြင့် ကုပ်တွယ်ထားကာ တည်ငြိမ်အေးဆေးမှု ပျက်လာသည်။ "ဟင့်အင်း။ မရဘူး။ ကျွန်တော့်အစ်ကိုက ဖယ်မလာမိသားစုရဲ့ ဆက်ခံသူပဲ။ ခင်ဗျားဖယ်မလာမိသားစုရဲ့ ဂုဏ်သိက္ခာကိုလည်း ထည့်စဉ်းစားရမယ်လေ။ ခင်ဗျား ကျွန်တော့်ကို ဒီလိုလုပ်လို့မရဘူး။ "

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now