76

10K 1.5K 47
                                    

"ကေရေ၊ အခုကစပြီး ကျွန်တော်ပိုင်တာ ခင်ဗျားပဲ ရှိတော့တယ်။ "

သူ့ပစ္စည်းများကို သွားသိမ်းရန် ပက်တာဆန်မိသားစု သို့သွားခဲ့သော ယောက်ျားပြန်လာသည်။ အေးစက်စက် စက်ရုပ်၏ရင်ခွင်ထဲသို့ မှီခိုစိတ်များ ယိုဖိတ်ကာ ငှက်ပေါက်ကဲ့သို့ ခုန်ဝင်သွားသော သူ့ဘေးမှလူငယ်လေးအား အေဟတ်ကြည့်နေရသည်။

သူ၏အမူအရာချက်ချင်း တောင့်တင်းသွားသည်။ မဟုတ်ဘူး။ မဟုတ်ဘူး။ မဟုတ်ဘူး။ အဲ့ဒိကိုယ်ထဲမှ အခုရှိနေတာ ကိုယ်မဟုတ်ဘူးလေ။ နဂိုကလူငယ်လေးနဲ့ အရင်းနှီးဆုံးက ကိုယ်လေ။ ဘာခံစားချက်မှ မရှိတဲ့ဒီစက်ရုပ်မဟုတ်ဘူး။

"မင်းရယ် ဒီကိုပြန်လာခဲ့။ " အေဟတ်က ဆယ်ကျော်သက်ကောင်လေးအား ဖက်ထားသော အရပ်ရှည်ရှည်စက်ရုပ်ကိုကြည့်ကာ သူအစားဝင်ဖူးသော ခန္ဓာကိုယ်ဟု လုံးဝမခံစားရပေ။ ထိုအစား သူ့ရင်ဘတ်ထဲ အက်စစ်များ ပျို့တက်လာသည်။

သူအရှေ့တိုးလာသည်နှင့် စက်ရုပ်က အလိုအလျောက် ခုခံသည့်လုပ်ဆောင်ချက်ကို ဖွင့်လိုက်ကာ ရင်ခွင်ထဲမှ လူငယ်လေးအား ကာလိုက်ပြီး အေဟတ်နှင့်ဝေးဝေးထားလိုက်သည်။

သူနှင့်နှိုင်းယှဉ်ပါက ရှန်မင်းရယ်သည် အချိန်အတော်ကြာနေခဲ့ဖူးသော အိမ်အကူကေကို သိသိသာသာ ပိုယုံကြည်သည်။ သူက စက်ရုပ်၏ ရင်ခွင်ထဲတွင်နေရင်း အေဟတ်ကို ကျီစယ်၍ခိုးကြည့်နေသည်။ "နှာဘူးကြီး၊ အနာဂတ်ကျရင် ကျွန်တော့်ကို ထိဖို့မကြိုးစားနဲ့တော့။ ကေ၊ သွားမယ်။ "

ညွှန်ကြားချက်အား ရလိုက်သော စက်ရုပ်က ရင်ခွင်ထဲမှ လူငယ်လေးနှင့်အတူ ချက်ချင်း လှည့်ထွက်သွားသည်။

ချင်းယွင်က ထိုယောက်ျား၏ မဲမှောင်နေသော အမူအရာအားကြည့်ကာ စိတ်ထဲကျိတ်ရယ်လိုက်သည်။

အစတုန်းက သူအဲ့လူကို ကေကိုခေါ်လာဖို့ ပြောတုန်းက သူကေရဲ့ကိုယ်ထဲ ကူးပြောင်းလာဖူးတယ်ဆိုတာ ပြောဖို့ရှက်နေသေးတယ်လေ။ အခု ခံစားလို့ကောင်းရဲ့လား။

သူလူငယ်လေးနှင့် စတွေ့ချိန်ကတည်းက နီးကပ်နေရစဉ်တွင် သူကိုယ်တိုင်ထူးဆန်းသကဲ့သို့မခံစားရကြောင်း အေဟတ် ရုတ်တရက် သဘောပေါက်သွားသည်။ မည်သို့ပင်ဆိုစေ လူငယ်လေး၏ အမြင်၌ သူကရိုးရိုးသူစိမ်းသာဖြစ်ပြီး ပုံမှန်နီးစပ်လေ့ရှိသူ အိမ်အကူကေ မဟုတ်ပေ။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now