54

8.8K 1.6K 110
                                    

ဘာမှပြန်မပြောနိုင်သော လုချန်ဖုန်းမှာ အံကြိတ်ရင်း မျက်နှာရဲရဲဖြင့် ကားထဲမှထွက်သွားသည်။ သူက အမြဲတမ်းဦးစားပေးအဆင့်တစ်ခု၌ ရှိခဲ့သည်။ ယခု သူ မောင်းချခံရသောအခါ လူများက မည်သို့တွေးကြမည်နည်း။

ကားထဲမှ လုချန်ဖုန်းထွက်သွားသည်ကို ကြည့်ပြီး ရှိန့်ဖုန်းက ခေါင်းလှည့်လိုက်ကာ ဘေးခုံ၌ထိုင်၍ အိပ်ငိုက်နေသောကလေးကို ကြည့်လိုက်သည်။ သက်ပြင်းချလိုက်ကာ ကလေး၏ ခေါင်းပေါ်မှ နူးညံသော အမဲရောင်ဆံနွယ်များအား ကြင်နာစွာပွတ်သပ်လိုက်သည်။

ရှိန့်ဖုန်းက မတုံးအပေ။ သူအရင်က အာရုံမစိုက်ခဲ့ခြင်းသာဖြစ်သည်။ ယခု ကလေးကို သူနှင့်အတူ ခေါ်ထားသောအခါ လုချန်ဖုန်းမှ ၎င်းကိုရိုင်းပြသည်အား သူအဘယ်မမြင်နိုင်မည်နည်။

သူ့မျက်ဝန်းများထဲတွင် အေးစက်မှုများ မထင်မရှား ရှိနေသည်။ အသင်းထဲမှ အခြားသောစွမ်းအင်ရှိသူများက ချင်းယွင်အား လျစ်လျူရှုထားခြင်းကို သူနားလည်နိုင်သေးသည်။ မည်သို့ပင်ဆိုစေ ကမ္ဘာပျက်နေချိန်တွင် တစ်ကိုယ်တည်းနေခြင်းက သာမန်ကဲ့သို့ဖြစ်လာသည်။ အချို့လူများမှာ သူတို့၏သားသမီးကိုပင် စွန့်ပစ်နိုင်ရာ ချင်းယွင်ကဲ့သို့ အသိဉာဏ်မပြည့်စုံသူကိုတော့ ဆိုဖွယ်မရှိချေ။

ဒါပေမယ့် လုချန်ဖုန်း ကဘာဖြစ်နေတာလဲ။ ချင်းယွင်က သူ့အား ဘာမှမနှောက်ယှက်ပေ။ သူ့မှာ ချင်းယွင်ကို ပစ်မှတ်ထားနေရုံက လွဲပြီးအခြားကောင်းတဲ့အလုပ် မရှိဘူးလား။

ညဉ့်တဖြည်းဖြည်းနက်လာ၍ အသင်းက နောက်တစ်ဖန် စခန်းချပြန်သည်။ အခြေစခန်းက နီးစပ်ရာတွင်ရှိနေ၍ စခန်းချရာနေရာမှ လူများမှာ အပျော်များပြည့်လျှံနေကာ ဧရိယာတစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်နေသည်။

ချင်းယွင်နိုးနေသည်မှာ ကြာပြီဖြစ်သော်လည်း အရင်ကဲ့သို့ ပြေးလွှားကစားမနေပေ။ ရှိန့်ဖုန်းက ထိုတစ်ယောက် အရမ်းပြေးလွှားကစားနေပြီး စားဖို့မေ့နေမည် စိုးသည့်အတွက် လူကိုကားထဲတွင်ထည့်ထားကာ ကျွေးမွေးနေသည်။

"မင်းရဲ့ ခိုကိုလွှတ်ထားလိုက်။ မြန်မြန် ၊ ပါးစပ်ဖွင့်ပြီး နောက်တစ်လုပ်စားဦး။ " ရှိန့်ဖုန်းက လက်မြှောက်ကာ ထိုကလေး၏ ခေါင်းကိုကားဘက်ပြန်လှည့်လိုက်ပြီး ဇွန်းယူကာ ဇွန်းအပြည့်ထမင်းကြော် တစ်လုပ်ကျွေးရန်ပြင်သည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now