120

7.9K 1.5K 131
                                    

ချင်းယွင်၏ စကားများကြောင့် အဖေရှန် နင်သွားသည်။ သူ့အကြည့်က ချက်ချင်း ခက်ထန်လာပြီး ယခင်အတိုင်း ဆူပူတော့သည်။ "မင်းဘာစကားပြောလိုက်တာလဲ။ ရှန်မိသားစုက မင်းအတွက် ဘယ်လောက်ရင်းနှီးပေးထားတယ်ဆိုတာ မသိဘူးလား။ မင်းရဲ့လက်ရှိ အောင်မြင်မှုတွေက ငါ့သင်ပြပေးမှုတွေကြောင့်ပဲ။ ဘယ်သူ့အားကိုးနဲ့ မင်းက ငါ့စကားကို ဒီလိုအာခံနေတာလဲ။ မင်းရဲ့ အားပေးသူတွေကို ဒါတွေ သိစေချင်နေတာလား။ "

အဖေရှန် အော်ဟစ်၍မပြီးသေးခင်မှာပင် အပြင်ဘက်၌ ကြာမြင့်စွာစောင့်ဆိုင်းနေခဲ့ရသော ဝေ့မိသားစုကားမောင်းသူ ဝင်လာသည်။ သူက ဧည့်ခန်းထဲမှ အခြားလူများကို လစ်လျူရှူထားပြီး ရှန်ချန်ယွီကိုသာ တလေးတစား ဦးညွှတ်၍ပြောလိုက်သည်။ "သခင်လေးရှန်း၊ သူဌေးက မြန်မြန်ပြန်လာပါလို့ အခုလေးတင် ဖုန်းခေါ်ပြီး ပြောလိုက်ပါတယ်။ သခင်လေးမှာ ဖြေရှင်းစရာ ကိစ္စရှိပါသေးလား။"

သူကထိုသို့ပြောပြီးသည်နှင့် ဆူဆူညံညံပြောနေခဲ့သော အဖေရှန်အား သေလူအားကြည့်သကဲ့သို့ ကြည့်လိုက်သည်။ ဒေါသထွက်နေသော အဖေရှန်မှာ လည်ပင်းမှ အညှစ်ခံထားရသော ကြက်ဖကြီးကဲ့သို့ ချက်ချင်းဆို့နင်သွားသည်။

"အဆင်ပြေပါတယ်။ သွားရအောင်။" ချင်းယွင်က ခေါင်းခါပြပြီး တန်းထွက်သွားသည်။

ရှန်မိသားစုကကော။ သေချာတာပေါ့၊ သူက၎င်းတို့အား လွှတ်ပေးမည်မဟုတ်ပေ။ ရှန်ချန်ယွီအပေါ် သူတို့ကျူးလွန်ခဲ့သော ဒဏ်ရာမျိုးစုံအား လူထုထံ ချင်းယွင် ထုတ်ပြကာ သူတို့၏အယောင်ဆောင်မျက်နှာများကို ခွာချချင်ရုံသာမက အကြိမ်ထောင်ချီပြန်ပေးဆပ်စေချင်သည်။

ဝေ့မိသားစု ကားမောင်းသမားထံမှ လေးလေးစားစား ခေါ်ထုတ်သွားခံရသော ရှန်ချန်ယွီအား ကြည့်ကာ ယခုအခါ ဝေ့မိသားစု၌ ရှန်ချန်ယွီမည်မျှ 'ကျော်ကြား' နေသည်ကို ရှန်မိသားစုသိလိုက်ရသည်။

အဖေရှန်၏ မျက်နှာကြီးပြာလာသည်။ ယခုအခါ ဤမိမစစ်ဖမစစ်လေး ရှန်ချန်ယွီသည် ဝေ့မိသားစုသို့ တွယ်တက်ပြီးပြီဖြစ်သည်။ သူ့အကြံအစည်အားလုံး အချည်းနှီး မဖြစ်သွားပေဘူးလား။ သို့သော် ထိုအကြောင်းတွေးပြီးနောက် ဝေ့မိသားစုသည် ရှန်ချန်ယွီအား ဂီတတူရိယာအဖြစ်သာ သဘောထားသဖြင့် အဖေရှန်စိတ်သက်သာရာရသွားသည်။ သူကအပြင်လူများ၏ရှေ့တွင် အနည်းငယ်ပို၍ အထင်ကြီးစရာကောင်းလျှင်ပင် ဝေ့မိသားစု၌ ကစားစရာသာ ဖြစ်သေးသည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now