75

8.6K 1.5K 96
                                    

"ကျွန်တော့်ရဲ့ အကြီးဆုံးဘကြီးက ကျွန်တော့်ဆီလာပြောဖူးတယ်။ ခင်ဗျားဆီကနေ အာဏာပြန်ယူပြီး ကျွန်တော်ဆက်ခံသူဖြစ်ချင်နေသမျှ သူကျွန်တော့်ကို ထောက်ခံပေးမယ်တဲ့။ ဒါပေမယ့် ခင်ဗျားက ပက်တာဆန်မိသားစုကို လိုချင်မှန်းသိလို့ ကျွန်တော်ငြင်းဆန်ခဲ့ပြီး ခင်ဗျားဆီပေးခဲ့တယ်။ ကျွန်တော့်မှာ အဲ့ဒါရှိနေသမျှ ခင်ဗျားကို ပေးလို့ရတယ်။ "

ပြောနေရင်းဖြင့် လူငယ်လေးက အသံမတုန်စေရန် သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

ဖုန်းဖေ့မင်၏ သူငယ်အိမ်များ ကြုံ့သွားသည်။ သူ့အား အစပိုင်းတွင် ဒုက္ခအပေးဆုံးမှာ ရှန်မင်းရယ်၏ ဘကြီးဖြစ်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင်မိသားစု၏ထိုဘက်ခြမ်းမှ တစ်နည်းနည်းဖြင့် ကန့်ကွက်မှုကျဆင်းလာသည်။

သူ၏ ကိုယ်တိုင်စီမံချက်က အလုပ်ဖြစ်သွားသောကြောင့်ဟု သူထင်ခဲ့သော်လည်း အခုရှန်မင်းရယ်ပြောတာကျတော့ သူက သူ့ဘကြီးကို နားချလိုက်လို့ တဲ့လား။

မဟုတ်ဘူး...ဒါမဖြစ်နိုင်ဘူး။ အားလုံးက အလိမ်အညာတွေပဲ...

ဖုန်းဖေ့မင်မှာ လူငယ်လေး၏ စကားများအား မယုံနိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် သူယုံလိုက်သည်နှင့် သူ့အတွက် ဒုံးပျံသဖွယ်အံ့အားသင့်စရာ ဖြစ်သွားလိမ့်မည်။

"အရင်တုန်းက ခင်ဗျားမိသားစုကိစ္စတွေကြောင့် ဒုက္ခရောက်နေပြီး ယိုဒါကလည်း မိသားစုခေါင်းဆောင်အမှတ်အသားကို ထုတ်ပြလိုက်ဖို့ပြောတယ်။ ကျွန်တော်အဲ့အကြောင်းကိုကြားတုန်းက အဲ့ဒါကို ကျွန်တော်ပျောက်သွားတယ်လို့ထင်ပြီး ခင်ဗျားကို အခက်တွေ့စေမှာစိုးလို့ ကျွန်တော်တကယ်ကြောက်ခဲ့ရသေးတယ်။ ဒါပေမယ့် ကံကောင်းစွာပဲ နောက်ဆုံးတော့ ကျွန်တော်ပြန်တွေ့ခဲ့တယ်။ ခင်ဗျားငြင်းမှာကို  ကြောက်လို့တောင် ခင်ဗျားမသိအောင် ဖုံးကွယ်ခဲ့ရတယ်။ စာချုပ်လျော်ကြေးရှာပြီး မိသားစု ခေါင်းဆောင်အမှတ်အသားကို ကိုယ့်ဘာသာသွားယူလာခဲ့ရတယ်။ ကျွန်တော်က နောက်သုံးရက်နေရင် ရောက်တော့မယ့် ခင်ဗျားမွေးနေ့မှာ အဲ့ဒါကို လက်ဆောင်အဖြစ် ပေးချင်ခဲ့တာ..."

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now