146 (Return)

9.7K 1.2K 38
                                    

ကျင့်ကြံခြင်းက အသက်အကန့်အသတ်မရှိပေ။ ထိုအချိန်က ကျင့်ကြံသူမိုကျန်းအား ဆရာသခင်အဖြစ် သတ်မှတ်ခဲ့သည့် ကောင်ငယ်လေးက အချိန်ဆယ်နှစ် ကျော်လွန်သွားပြီးနောက် အံ့ချီးလောက်သော ဆယ်ကျော်သက်ကောင်လေးအဖြစ် ကြီးပြင်းလာသည်။ သူက မူလကောင်းကင်ဂိုဏ်းတွင် နေခဲ့ပြီး အခြေခံကို ငါးနှစ်အတွင်းတည်ဆောက်ကာ ဆယ်နှစ်အတွင်းတွင်ပင် တန်အဆင့်သို့ရောက်၍ သူ့ဆရာသခင်မိုကျန်း၏ ကျင့်ကြံဆင့်ထက်ပင် ကျော်လွန်သွားသည်။ မူလကောင်းကင်ဂိုဏ်းက ပါရမီရှင်မျိုးစေ့ကို ရသွားသည်ဟု လူတိုင်းသိကာ ကျန်ဂိုဏ်းများမှာ မနာလိုဖြစ်နေကြသည်။ အလေးအမြတ်ကျင့်ကြံသူဂိုဏ်းကပင် သူ့ကိုခေါ်သွားရန် လာဖူးသည်။

ယနေ့ခေတ်၏ စိတ်စွမ်းအင်ပြတ်လပ်မှုကြောင့် ဤသို့သောပါရမီရှင်မျိုးကိုမဆိုထားနှင့် စိတ်စွမ်းအင်အရင်းအမြစ်နှင့် လူများကပင်အလွန်အမင်းရှားပါးနေသည်။ ယခင်နှစ်များအတွင်းတွင် အလေးအမြတ်ကျင့်ကြံသူဂိုဏ်းက နှစ်တစ်ရာတိုင်း၌ ကောင်းကင်ဘုံ၏ ဂုဏ်ယူရသော သားတော်ကို မွေးထုတ်ပေးလေ့ရှိသည်။ သို့သော် မကောင်းဆိုးဝါးကြီးချင်းယွင် သေဆုံးသွားပြီး နှစ်ရာချီမျှကြာလာသော်လည်း အလေးအမြတ်ကျင့်ကြံသူဂိုဏ်း၏ အလေးထားအပ်သောသားတော်မှာ ယခင်ကတစ်ယောက်သာဖြစ်နေရာ အလေးအမြတ်ကျင့်ကြံသူဂိုဏ်းက ယိုယွင်းလာသည်ဟု ကောလဟာလများထွက်နေသည်။

မူလကောင်းကင်ဂိုဏ်း၏အနောက်ဘက်တောင်တန်းများထဲမှ လိုဏ်ဂူတစ်ခုတွင် ပါရမီရှင်တပည့်ချင်းယွင်ရှိနေသည်။ အမည်းရောင်ဝတ်ရုံအား ပေါ့ပေါ့ပါးပါး ဝတ်စားထားပြီး ရှည်လျားကာညှို့ဓာတ်ရှိသည့် ခရမ်းပြာရောင်ဆံပင်များနှင့် ယောက်ျားတစ်ယောက်က ဂူဝင်ပေါက်အား ငြီးငွေ့စွာမှီရင်း ဂူအတားအဆီးကိုဖြတ်၍ကြည့်နေသည်။

သူက တောင်နောက်ဘက်မှ တပည့်အနည်းငယ်၏ ငြင်းခုံသံကို စူးစမ်းနေပုံပေါ်သော်လည်း သူ၏နားရွက်များ လှုပ်သွားကာ စိတ်အာရုံက ဂူထဲရှိရေပွက်သံထံမှ သိသိသာသာဆွဲဆောင်ခံလိုက်ရသည်။

ချင်းယွင်က တစ်ကိုယ်ရေကျင့်ကြံမှုပြီးဆုံးသွားကာ ယခုအခါတွင် စိတ်စွမ်းအင်စမ်းရေထဲ၌ ရေချိုးနေသည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now