133

8.8K 1.5K 92
                                    

ထိုယောက်ျားက ရှန်ချန်ကျင်းအား ကိုင်ထားရင်း ဝိုင်တစ်ခွက်နှင့်အတူ ဝေ့ချန်းရှုနားသို့ ဖြည်းဖြည်းချင်း လျှောက်လာသည်။ ဝေ့ချန်းရှုနှင့် နှစ်မီတာအကွာသို့ မရောက်သေးစဉ်မှာပင် အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။ "မစ္စတာဝေ့၊ ခင်ဗျားကို တွေ့ရတာ တကယ်ဝမ်းသာပါတယ်။ ခင်ဗျားက တော်တော်ငယ်မယ်လို့ ကျုပ်မထင်ထားဘူး။"

လုံးဝမပြေပြစ်သော အသံကိုကြားလိုက်ရသောအခါ ဝေ့ချန်းရှုဘေးမှ နွေးနွေးထွေးထွေး အမူအရာနှင့် လူများက အရယ်ရပ်လိုက်ကာ အံ့ဩစွာလှည့်ကြည့်ကြသည်။ ရောက်လာသူကို တွေ့ပြီးသောအခါ သူတို့၏မျက်လုံးများထဲ၌ မနှစ်မြို့မှုများ ပေါ်လာသည်။

၎င်းက သူဌေးဟွမ်ပင်။ ထိုလူက ရုတ်တရက်ကံထူးသွားကာ ပိုက်ဆံအများအပြား ရှိလာသော်လည်း သူ၏အကျင့်စရိုက်မှာ လိုက်လျောညီထွေမရှိပေ။

ဤလူများက ခေါင်းပုံဖြတ်အမြတ်ကြီးစားသူများကို မငြင်းပယ်ပေ။မည်သို့ပင်ဆိုစေ ကံအခွင့်အလမ်းတစ်ခု ဖန်တီးနိုင်သူများက အဖတ်ဆယ်ရန်အရည်အချင်းရှိရသည်။ ဘာမှမရှိသောဘဝမှ လာရရာ ရွှေဇွန်းကိုက်မွေးလာသူများထက်ပို၍ အလုပ်ကြိုးစားရသည်။

သို့သော် သူဌေးဟွမ်က ထိုသို့မဟုတ်ချေ။ ဤလူက ပိုက်ဆံကို ငြိမ်းငြိမ်းချမ်းချမ်း ရှာရသည့်အကြောင်း ပြောနေသော်လည်း သူ၏အကျင့်စရိုက်မှာ အလွန့်အလွန် မောက်မာကာ အရှက်ကင်းမဲ့မှုကို အသုံးချတတ်ပြီး ကိုယ်ကျင့်သိက္ခာ သမာဓိလည်းမရှိပေ။ ထို့ကြောင့် ကနဦးတွင် ဤလူက ကိုယ်ပိုင် ငွေရေးကြေးရေးအား အမှီပြု၍  ပတ်ဝန်းကျင်မှ လူများနှင့် တွေ့ဆုံခဲ့သော်လည်း တကယ်တမ်းတွင် သူနှင့်ရင်းနှီးသူက သိပ်မများပေ။

သူဌေးဟွမ်၏ ထိုကဲ့သို့သော အနေအထားကြောင့်ပင် ရှန်ချန်ကျင်းက ရှာဖွေနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က ရှန်မိသားစု၏ မသန့်ရှင်းသောကိစ္စများကို သိသူဘယ်မြို့သားမဆို ရှန်ချန်ကျင်းနှင့် ပက်သက်စရာဘာအကြောင်းမှမရှိချေ။

အစကတည်းကပင် ဝေ့ချန်းရှုက သူနှင့်ရှန်ချန်ယွီတို့၏ ပက်သက်မှုကို လူပုံလယ်တွင် ပေါ်ပေါ်ထင်ထင်ကြေငြာခဲ့သည်။ မကြာသေးမီ နှစ်များအတွင်းတွင် ဝေ့ချန်းရှုက လူထုကြားထဲသို့ ပေါ်လာသည်မှာရှားသော်လည်း ရှန်ချန်ယွီ ဖျော်ဖြေပွဲလုပ်သောအခါ တောင်မြောက်ပြေး၍အဖော်ပြုပေးလေ့ရှိသည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now