86

8.3K 1.5K 150
                                    

မြောက်ပိုင်းဗိုလ်ချုပ်ကြီး၏ နာမည်ကိုကြားလိုက်ကြသည်နှင့် ညီလာခံခန်းမ၌ အုတ်အုတ်ကျက်ကျက်ဖြစ်လာသည်။

ကြီးမြတ်သောယန် တစ်ပြည်ထောင်လုံး၌ ချီယူ၏အနေအထားက ထူးခြားသည်။ချီယူ၏ မြင့်မားသော အရည်အသွေးနှင့် မြောက်ပိုင်းနယ်စပ်တွင် အပြည့်အဝလုပ်ပိုင်ခွင့်ရှိနေခြင်းကြောင့် ချီယူ၏စစ်အင်အားကို လျှော့ချရန်အတွက် ဧကရာဇ်ဟုန်းမျင်အား အရာရှိများစွာက အကြံပြုဖူးသည်။ ချီယူသာ ပုန်ကန်လျှင် ကြီးမြတ်သောယန်ပြည်ထောင်စုတစ်ခုလုံးကပင် သူ၏မြောက်ပိုင်းစစ်တပ်ကို မခုခံနိုင်ပေ။

ဝေ့လင်းက ချန့်ကျိုးအုပ်ချုပ်ရေးမှူးအကြောင်း ပြောလာသော ဘာသာရေးဝန်ကြီးအားကြည့်ကာ မျက်လုံးထဲအတွေးများပေါ်လာသည်။

သူ၏အရှင်သခင်က ယခင်ရက်အနည်းငယ်ကပင် ပစ်မှတ်ထားလုပ်ကြံခံခဲ့ရသည်။ သူသာမမှားလျှင် ထိုအချိန်က သူ၏အရှင်သခင်နှင့် တိုက်ခိုက်ခဲ့သူမှာ ဗိုလ်ချုပ်ကြီးချီယူဖြစ်သည်။ ချီယူက တတိယမင်းသားအတွက် အလုပ်လုပ်ပေးနေခြင်းဖြစ်လောက်ပြီး ဘာသာရေးဝန်ကြီးသည်လည်း တတိယမင်းသား၏ လက်အောက်ကပင်။ ချန့်ကျိုးအုပ်ချုပ်ရေးမှူးက ချီယူ၏နာမည်ကိုသုံးကာ အကျင့်ပျက်ခြစားနေသည်ဟု အဘယ်ကြောင့် သွယ်ဝိုက်ညွှန်းဆိုနေရသနည်း။

ဘာသာရေးဝန်ကြီးမှာ ချန့်ကျိုးပြဿနာအကြောင်းတွေးကာ စိုးရိမ်ပူပန်မှုအပြည့်ဖြစ်နေပုံပေါ်သော်လည်း တကယ်တမ်းတွင်သူက မင်းသားကြီး၏ အမူအရာနှင့် ဤကိစ္စအပေါ်သဘောထားကို စေ့စပ်စွာစောင့်ကြည့်နေသည်။

ယနေ့ညီလာခံ၌ ဤပြဿနာကို သူရည်ရွယ်ချက်ရှိရှိတင်ပြခဲ့ခြင်းမှာ ယန်းဟွေးထံမှ အကြောင်းကြားစာရသောကြောင့်ပင်။ ယန်းဟွေးပို့လိုက်သော စာလွှာမှ အချက်အလက်မှာ အလွန်တိုတောင်းသည်။ တတိယမင်းသားမှ ဗိုလ်ချုပ်ကြီးချီယူနှင့် မင်းသားကြီးတို့ အဆက်အသွယ် လုပ်နေသည်ဟု သံသယဝင်နေကာ သူ့အားစမ်းသပ်ခိုင်းလိုက်သည်။ ချန့်ကျိုးအုပ်ချုပ်ရေးမှူးသည် လွန်ခဲ့သည့်တစ်နှစ်က သူ၏သမီးဖြစ်သူနှင့် ချီယူတို့ စေ့စပ်သတင်းထွက်စဉ်ကတည်းကပင် ထူးထူးခြားခြား မောက်မာလာသည်။ လတ်တလောတွင်လည်း ချန့်ကျိုး၌ရေကြီးနေသဖြင့် ဘာသာရေးဝန်ကြီးက ဤကိစ္စကိုတင်ပြလိုက်သည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now