83

8.2K 1.5K 115
                                    

ချင်းယွင်က သီးသန်းခန်းထဲ၌ ထိုင်နေစဉ်တွင် ချန်းဘင်းမှ လက်ဖက်ရည်ခွက် ကမ်းပေးသည်။ သူတစ်စုံတစ်ခုအား မျက်စိလျှမ်းမိသွားသကဲ့သို့ ခံစားရသဖြင့် မျက်မှောင်ကြုတ်မိသော်လည်း သီးသန့်ခန်းပြတင်းပေါက်မှတစ်ဆင့် အောက်ဘက်သို့ကြည့်လိုက်သောအခါ မူမမှန်သောအရာကို ရှာမတွေ့ချေ။

အောက်ထပ်တွင် အလျှို့ဝှက်ဆုံးအနေအထားဖြင့် ထိုင်နေသော ချီယူသည်လည်း အပေါ်ထပ်မှ သီးသန့်ခန်းများဘက်သို့ တိတ်တဆိတ် ကြည့်နေသည်။ သူ့ဘေးမှ စစ်ဗိုလ်က သူ၏မူမမှန်ဖြစ်နေမှုကို သတိထားမိသော်လည်း မင်းသားကြီး၏ တည်နေရာအား ရှာနေသည်ဟုသာ ထင်သဖြင့် များစွာမတွေးတော့ပေ။

မကြာခင်တွင် ချင်းယန်အဆောက်အဦးမှ ယနေ့အတွက် ခေါင်းစဉ်အား ဖွင့်ပြသည်။ တံခွန်၏ အလယ်တွင် ရေးထားသောစာလုံးများက " ပျက်စီးသွားသောပန်းနှင့် ကျိုးနေသော သစ်သား " ဟူ၍ဖြစ်သည်။

ခေါင်းစဉ်ကို မြင်လိုက်သည်နှင့် ချင်းယွင်၏အခန်းထဲမှ တစ်ယောက်က စားပွဲကို ချက်ချင်းရိုက်လိုက်ကာ ဒေါသတကြီးပြောသည်။ " အရမ်းတရားလွန်တာပဲ။ ဒီချင်းယန်အဆောက်အဦးက အတင့်ရဲလွန်းတယ်။ "

ပြောလိုက်သောသူသည် ရုံးပိုင်းဆိုင်ရာဝန်ကြီး၏သား မင်းသားကြီး၏ မိတ်ဆွေ ဖြစ်သည်။။ သူက ယနေ့ချင်းယန်အဆောက်အဦးသို့ မင်းသားကြီး လာမည်မှန်းသိ၍ သီးသန့်ခန်းတစ်ခန်း ကြိုမှာပေးထားသည်။

သူဤသို့ တုံ့ပြန်သည်မှာ မဆန်းပေ။ ဝေ့လင်းနှင့် ချန်းဘင်းသည်လည်း မခံနိုင်ဖြစ်နေသည်။

ဤချင်းယန်အဆောက်အဦးသည် ပညာတော်သင်များ စုဝေးရာနေရာဖြစ်သည်။ ရောက်လာသောပညာတော်သင်များ၏ အတွေးအမြင်များကို ဆွေးနွေးနိုင်ရန်အတွက် ခေါင်းစဉ်တစ်ခုအား သုံးရက်တစ်ခါထုတ်ပေးလေ့ရှိသည်။ ချင်းယန်အဆောက်အဦးမှ ထုတ်ပေးသော ခေါင်းစဉ်များမှာ နန်းတွင်းရေးများနှင့် တစ်ခါတစ်ရံ စပ်နွယ်နေတတ်ကြောင်းကို လူတိုင်းသိကြသည်။

ယနေ့၏ "ပျက်စီးသွားသော ပန်းများနှင့် ကျိုးနေသော သစ်သား"က မင်းသားကြီး၏ ချို့ယွင်းမှုကို လှောင်ပြောင်သရော်နေခြင်း မဟုတ်ပေဘူးလား။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now