34

10.6K 1.6K 81
                                    

Chris ကသတင်းစာရှင်းလင်းပွဲ ပြီးဆုံးပြီဖြစ်ကြောင်း တည်ငြိမ်စွာ ကြေငြာကာ နောက်ပြန်လှည့်၍ ထွက်သွားသည်။ သို့သော်ကင်မရာပေါ်တွင် သူခေါင်းလှည့်စဉ်က နီနီရဲရဲ မျက်ဝန်းများကို ရိုက်ကူးမိသွားသေးသည်။

မှတ်ချက်တစ်ခု တက်မလာခင် မျက်နှာပြင်ကြီးက ခဏမဲမှောင်သွားသည်။ 

(Jorah ကိုသူရဲဘောကြောင်တယ်လို့ ဘယ်အကောင်ပြောတာလဲ။ ထွက်လာခဲ့ ၊ငါမင်းကို မသတ်ဖူးလို့ ကတိပေးတယ်။) 

(ငါ ငိုချင်လာပြီ။ ငါ့ကိုယ်ငါပြန်တောင်ရိုက်ချင်တယ်။ Jorah ကိုမသိဘဲနဲ့တောင် ငါဇာတ်လမ်းတွေ ထွင်ခဲ့သေးတယ်။)

(အဲ့လိုပြောနေတာ ဘာအဓိပ္ပါယ်မှမရှိဘူး။ သွားတောင်းပန်ချည်)

#Jorah ကိုတောင်းပန်ရအောင်# ဟူသော ခေါင်းစဉ်က လျင်လျင်မြန်မြန် ရေပန်းစားလာသည်။

Jorah ၏ကြယ်ကွန်ယက်အကောင့်၌ လူလှိုင်းနောက်တစ်မျိုး တက်လာပြန်သည်။ သူတို့က "ကျွန်တော့် အိပ်မက်ကတော့ ကမ္ဘာကြီးအတွက် သီချင်းဆိုပေးဖို့ပါ" ဟူသောစာကြောင်းကိုတွေ့သောအခါ သူတို့နှလုံးသားထဲတွင် အနည်းငယ်ခါးခါးသီးသီးခံစားလိုက်ရသည်။

ယခင်က သူတို့ ထိုစာကြောင်းကို လှောင်ပြောင်ခဲ့ကြသော်လည်း ယခုသူတို့အချိန်နောက်ပြန်သွားကာ သူတို့၏ခေါင်းကို ဆွဲဖြုတ်ချင်လာသည်။

သူတို့ရဲ့လှောင်ပြောင်မှုက အသံပျက်စီးသွားတဲ့ Jorah ရဲ့နှလုံးသားကို ဓားနဲ့ထိုးသလိုမဖြစ်ဘူးလား။

တောင်းပန်သည့်မှတ်ချက်များက ယခင်စော်ကားပြောဆိုချက်များကို ဖုံးအုပ်သွားကာ Ramiel ၏ Jorah ကိုကာကွယ်ခုခံပြောဆိုပေးသော မှတ်ချက်က ထိပ်ဆုံးရောက်နေသည်။

Jorah က ဒေါက်တာ ကိုအစကတည်းက ကယ်တင်ခဲ့ပုံပင်။ Jorah သာထိုသို့မလုပ်ဆောင်ခဲ့လျှင် ဒေါက်တာကအဖမ်းခံရပြီး သူတို့ဤမျှသက်တောင့်သက်သာ နေနိုင်ပါ့မလား။

(သန့်စင်ခန်းထဲမှာငိုနေပါတယ်။ ဒီရက်တွေအတွင်း Jorah ကကြယ်ကွန်ရက်ကို မသုံးနေခဲ့ဖို့မျှော်လင့်ပါတယ်။ မဟုတ်ရင် သူ့ရဲ့ ဒဏ်ရာကြီးတွေနဲ့ဆို ငါတို့ရဲ့ စကားလုံးတွေသာ တွေ့သွားရင် သူ့အတွက် ခက်ခဲလိမ့်မယ်။)

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now